နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမှာ တစ်ရက်အတွင်း ဓားပြတိုက်မှု နှစ်မှုဖြစ်ပွား

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဒီနေ့ မတ်လ ၂၆ ရက်နေ့ တစ်ရက်တည်းမှာ ဓါးပြတိုက် လုယက်မှု နှစ်ခုဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ မတ်လ၂၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ကွေ့ကြီးရပ်ကွက်က ချင်းတွင်းကုန်စုံဆိုင်ကို PDF အယောင်ဆောင်ကာ ဓားပြတိုက်ခဲ့သလို ညနေ ၃ နာရီခွဲ အချိန်ကလည်း သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က ကားတစီးနဲ့ သေနတ်ဖောက်ပြီး ဆိုင်ကယ်လုယူခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းကုန်စုံဆိုင်ဟာ မုံရွာမြို့ရဲ့ အဓိက လူစည်ကားရာ လမ်းမကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှိပြီး ဓားပြတိုက်ရာမှာ ဆိုင်မှာရှိတဲ့ ဖုန်း ၃ လုံးနဲ့ မနက်ခင်းပိုင်း ရောင်းရငွေတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ညနေ ၃ နာရီခွဲ အချိန် ဓားပြတိုက် လုယက်မှုမှာ မုံရွာမြို့ သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က ကားတစ်စီးနဲ့ သေနတ်ဖောက်ပြီး ဆိုင်ကယ် လုယူခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့တွင်းမှာ ၂၀၂၃ ခုနှစ် အစကနေ ဒီကနေ့အထိ သုံးလကျော်အတွင်း ဓားပြမှုပေါင်း ၁၀ ခု ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 10 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 9 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 7 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 16 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို
မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နဲ့ ပုလဲမြို့နယ်
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသလို KNU က ချမှတ်ထားတဲ့