မကွေးတိုင်း၊ ပေါက်မြို့နယ် အိုင်းမကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
စစ်ကောငစြီတပ်ကို ဒရုန်းဖြင့် အီနာဂါ ၁၅လုံးချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့ကပြောပါတယ်။
စစ်ကောင်စီတပ်အား ထိရောက်စွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်၍ ထိခိုက်မှုများနိုင်တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုကို ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင်(ပကဖ)ရင်း – ၁ ခွဲ ၅ စိတ် – ၂ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ အသိပေးထုတ်ပြန် ထားပါတယ်။
Era’sEye /Photo -CJ/(ပေါက်နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်နေစဥ်)