နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရာတော်မြို့နယ် ရွာနှစ်ရွာကို စစ်တပ်ကမီးရှို့နေအိမ် နှစ်ရာကျော်မီးလောင်ဆုံးရှုံး

အရာတော်မြို့နယ်ထဲက ရွာနှစ်ရွာကို မေ၂၄ ရက်နေ့ကစပြီး အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာကြောင့် နှစ်ရွာပေါင်း ခြောက်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ ဖျက်ဆီးတာကြောင့် နေအိမ် ၂၂၂ လုံး မီးရှို့ခံရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၄ ရက်နေ့က တောင်မွှာရွာကို အဲဒီစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် အသက် ၈၀ ဝန်းကျင် အဘိုး ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ်ရှိ လူတစ်ဦး ပစ်သတ်ခံရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေကိုပါ မီးရှို့ခဲ့တာကြောင့်  အသက် ၈၀ ဝန်းကျင် အဘွားနှစ်ဦးလည်း မပြေးလွှားနိုင်တာကြောင့် မီးထဲပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မေလ ၂၅ ရက်နေ့မှာ တောင်မွှာရွာကပြန်ထွက်ခွာပြီး မကျီးစောက်ရွာကိုပါ ထပ်မံဝင်ရောက် စီးနင်းခဲ့ပါသေးတယ်။ မကျီးစောက်ရွာမှာ ထွက်ပြေးဖို့ကြိုးစားနေတဲ့ အသက် ၅၀ ဝန်းကျင် လူတစ်ဦး ဦးခေါင်းနဲ့ ရင်ဘတ်ကို ကျည်ထိမှန် သေဆုံးခဲ့ပြီး ရွာထဲကနေအိမ် ၈၆ လုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်မွှာရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီတပ်ကို သတင်းပေးသူရှိတာကြောင့် အခုလို စစ်ကြောင်းထိုးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မေလ ၂၅ ရက်နေ့မှာ မကျီးစောက်ရွာက နေအိမ်တွေကို မီးရှို့ပြီးနောက် အရာတော်မြို့ပေါ်ကို ပြန်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ တောင်မွှာရွာက ဒေသခံ နှစ်ထောင်ခန့်ကတော့ မေလ ၂၇ ရက် ဒီကနေ့အထိ ရွာထဲပြန်မဝင်ရဲတာကြောင့် တောထဲမှာပဲ နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

#Era’sEye /Photo /REF: RFA

အရာတော်မြို့နယ် တောင်မွှာရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့က တွေ့ရစဉ်။ (Photo:  Ayadaw Post)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 19 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 20 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 19 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 29 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏