ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပြင် နမ့်ခိုက်ကျေးရွာမှာရှိတဲ့ DENKO ဓာတ်ဆီဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ၂ ဦးထက်မနည်း ဒဏ်ရာရပြီး ထိခိုက်သေဆုံးမှုလည်း များနိုင်တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာလ (၂၇) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့မှာလည်း လားရှိုးမြို့ ရပ်ကွက် (၃) မှာရှိတဲ့ CS ဟိုတယ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရခဲ့ပါတယ်။