နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။

ဒီကနေ့ အောက်တိုဘာလ (၂၇)ရက် နံနက်ပိုင်းအချိန်ကစပြီး ကော့ကရိတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့ မနက် (၅)နာရီလောက်ကထဲက မြို့ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ပစ်တာ။ စစ်ကောင်စီတပ်ဘက်က အထိနာနေတယ်။ တိုက်ပွဲလည်းဖြစ်နေတုန်းပဲ၊ ဒေသခံတွေလည်း လွတ်ရာပြေးနေရတယ်” လို့ မြို့ခံတစ်ဦးက ဆိုထားပါတယ်။

KNLA ပူးပေါင်းတပ်တွေရဲ့ ဝင်ရောက်တိုက်ခိုက်တာတွေကြောင့် ကော့ကရိတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ရဲ့ ရုံးအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ရေးသားထားပါတယ်။

ဒါ့ပြင် ကော့ကရိတ်မြို့မှာ KNLA ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ စတင်တိုက်ခိုက်နေတယ်လို့လည်း စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ ကော့ကရိတ်မြို့က နေရာ (၄)ခုခန့်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် နေအိမ်(၅)လုံး ထိမှန်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 4 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 4 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 3 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ
မြန်မာသတင်း

အညာစစ်ဒေသရဲဘော်တွေအတွက် ဂုဏ်ပြုပွဲကျင်းပခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 4 Views
ကပစ(၁၆)အနီး စစ်ဆင်ရေးတွေမှာ AA နဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ဆို မတ်လ (၂၆)ရက်။ ဖေဖော်ဝါရီလ (၆)ရက်နေ့က အညာစစ်ဒေသက ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အညာစစ်ဒေသက ရဲဘော်တွေဟာ ပဲခူးအနောက်ခြမ်း
မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 29 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လ (၁၆)ရက်နေ့က ကျောက်ဖြူစစ်မျက်နှာမှာ AA ရှိတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့အချိန်
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ သင်္ကြန်ကာလထဲ စက်သုံးဆီသုံးစွဲတာ များပြားမှုမရှိစေဖို တိုင်းနဲ့ပြည်နယ်တွေက မြိုကြီးတွေနဲ့ မြိုနယ်တွေမှာ
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 27 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက