စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာ ကို ဖေဖေါ်ဝါရီ (၂၆) ရက် မှာ စစ်ကောင်စီတပ်က အင်အား (၂၀၀) နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ပြီး ဘုန်းတော်ကြီး နဲ့ ဒေသခံတွေရဲ့ နေအိမ် (၁၀) လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


အဲဒီလိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိတယ်လို့သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက ပြောကြားချက်တွေအရ ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ နမခ အဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။


ကျေးရွာနေဒေသခံပြည်သူတွေဟာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးမီးရှို့နေတာကြောင့်နေအိမ်များအားစွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များကပြောဆိုကြပါတယ်။