နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ တပ်ရင်းလိုက်ပြုတ်ကာ သေဆုံးခဲ့သည့် ဒေါတမကြီးရွာကို လေကြောင်းက တိုက်ခိုက်၊ နေအိမ် ၁၀၀ ခန့်မီးလောင် ပျက်စီး

စစ်ကောင်စီတပ်ရင်းလိုက် ပြုတ်ကာသေဆုံးခဲ့ရသည့် တိုက်ပွဲဖြစ်ပွားရာ ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာကို တိုက်လေယာဥ်အပါအဝင် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀၀ ခန့်မီးလောင်ပျက်စီးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF)က မတ် (၂၆)ရက်မှာထုတ်ပြန်ထားပါတယ်။

မတ်လ ၂၄ရက်နေ့လည် ၁၂နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဟာ တိုက်လေယာဥ် တစ်စီး ၊ တိုက်ခိုက်ရေး ရဟက်ယာဉ် နှစ်စီးတို့ဖြင့် ဒေါတမကြီး ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လှည့်ပတ်၍ (၄)ကြိမ်ခန့်လာရောက် ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်မှ ထိုကဲ့သို့ လေကြောင်းဖြင့် ပစ်ခက်ခဲ့၍ ကျေးရွာလမ်းမကြီး အပေါ်ဖက်ရှိ နေ အိမ် ၁၀၀ ခန့် မီးလောင်ကျွမ်းခဲ့ ရတာဖြစ်ပါတယ်။ မတ်လ ၂၅ ရက် နံနက် ၁နာရီခွဲတွင်လည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်သို့ တိုက်လေယာဥ်ဖြင့် (၄) ကြိမ်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် မတ်လ ၁၁ရက်ကလည်း ဒေါညင်းခူကျေးရွာမှ နေအိမ်နှစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သလို ရွာတွင်ကျန်ရှိခဲ့သော ဒေသခံများ၏ ဆိုင်ကယ်များကိုလည်း ဘုန်းကြီးကျောင်းဝန်းအတွင်း ထည့်ကာ မီးရှို့ဖျက်ဆီးထားသည်ကို KNDF ETD ဌာနမှ ဒရုန်းဖြင့် မှတ်တမ်းရယူထားသည်။

ထို့အတူ မတ်လ ၁၅ရက်တွင်လည်း ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ (၁၂၀)မမ လက်နက်ကြီးများ ပစ်ခက်ခဲ့ရာ ဒေါတမကြီးကျေးရွာအတွင်း ကျရောက်၍ ​နေအိမ် သုံးလုံး မီးလောင် ပျက်ဆီးခဲ့ရသည်။

ထိတွေ့တိုက်ပွဲများ အတွင်းတွင်လည်း ဒေါတမကြီး ၊ ဒေါဆိုဖျကျေးရွာများအတွင်းရှိ နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဒေသခံအချို့အား ဖမ်းဆီးသတ်ဖြတ်ခြင်းများကိုပါ ပြုလုပ်ထားပြီး ပျောက်ဆုံးနေသော ဒေသခံရွာသားများလည်း ရှိနေသည်။

စစ်ကောင်စီသည် ပြည်သူလူထုအား လက်နက်ကြီး များပစ်ခတ်ခြင်း ၊ ဖမ်းဆီးသတ်ဖြတ်ခြင်း ၊နှိပ်စက်ခြင်းများအား အမြဲလိုလိုပြုလုပ်၍ ခြိမ်းခြောက်တိုက်ခိုက်ခဲ့သည်သာမက အိုးအိမ်များစွာနှင့် ဘာသာရေးအဆောက်အဦးများကိုပင် ရန်သူသဖွယ် ပစ်မှတ်ထား၍ တိုက်ခိုက် ဖျက်ဆီးခြင်းများကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများ ကို ကျူးလွန်နေတာပဲဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို