စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ရွှေရှာဖွေနေတဲ့ တရားမဝင် ရွှေမျှောဖောင်တွေ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ်၊ ကပြစ်ကျေးရွာအနီးနဲ့ ရှမ်းတောရွာအနီးက ရွှေမျှောဖောင်တွေကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့တစ်ပတ်အတွင်း လာရောက် မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
