နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးချိုင့်တိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာများ မီးရှို့ဖျက်ဆီး

ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ထီးချိုင့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေး တပ်များနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု (၆) ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ ဒေသတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
Era’sEye /Edited: Grace H.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 5 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 7 Views
မေလ (၇)ရက်။ စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က
မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 6 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မဲပေးသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မဲပေးတာပါ။ မဲပေးတာမှာ စနစ်တကျနဲ့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 14 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 26 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 27 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 29 Views
မေလ (၆)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်လူးမြို့ဟာ ကသာခရိုင် ‌အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့