နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူမှာ လက်နက်နဲ့ ခဲယမ်းတွေကို စစ်တပ်ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ လက်နက်ခဲယမ်းတွေကို မေလ (၂၇) ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျည်ဆန်တွေနဲ့ လက်နက်ခဲယမ်းတွေဟာ ပခုက္ကူနဲ့ မြိုင်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ Eagle Brigade ပြောက်ကျားတပ်ဖွဲ့တွေဆီ ပို့မယ့်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သတင်းပေးပို့ချက်အရ မေလ (၂၇) ရက်နေ့ ညနေ (၃) နာရီလောက်က ကုန်စည်ပို့ဆောင်ရေးယာဥ် တစ်စီးကို စစ်ဆေးရာမှာ M4 AR15 သေနတ်တစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ကျည် ၂၃ တောင့်၊ ၄၀ မမဗုံးသီး ၈ လုံးကို ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကျည်ဆန်တွေကိုတော့ ပခုက္ကူမြို့ ၆ မိုင်နီးပါးအကွာက အင်ပင်စစ်ဆေးရေးဂိတ်မှာ သုံးဘီးဆိုင်ကယ်ပေါ် လျှို့ဝှက်သယ်လာချိန် ဖမ်းမိတာလို့ သိရပါတယ်။

အဲဒီပစ္စည်းတွေကို သယ်ယူလာတဲ့ ကုန်စည်ပို့ဆောင်ရေးယာဥ်ပိုင်ရှင်အမျိုးသား၊ သုံးဘီးဆိုင်ကယ်နဲ့အတူပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က သတင်းတွေကို ထုတ်ပြန်တဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မကြာခင်က စစ်ကောင်စီဘက်ဆီ ဘက်ပြောင်းခိုလှုံသွားတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါကြောင့် တော်လှန် ရေး အင်အားစုတွေအနေနဲ့ အခြေပြုစခန်းတွေရဲ့ သတင်းအချက် ပေါက်ကြားမှုကို သတိရှိဖို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို ထုတ်ပြန်ပြီး မကြာခင်မှာပဲ အခုလို လက်နက်ဖမ်းဆီးခံရမှုတွေ ဖြစ်ပေါ်လာတာပါ။

လက်နက်တွေ ဖမ်းဆီးခံလိုက်ရတဲ့ Eagle Brigade တပ်ဖွဲ့ကတော့ လမ်းမှာ လက်နက်ခဲယမ်းတွေ အခုလို ဖမ်းဆီးခံလိုက်ရတာဟာ ဘက်ပြောင်းခိုလှုံသွားသူတွေရဲ့ ပယောဂမကင်းဘူးလို့ ပြောကြားထားပါတယ်။

မကြာသေးခင် ရက်ပိုင်းကလည်း စစ်ကောင်စီက PDF, CNDF စခန်းများမှာ သူလျှိုများ လွှတ်ထားခြင်း အပါအဝင် PDF, CNDF စခန်းတိုင်းရဲ့ တည်နေရာ၊ မြေပုံများ စစ်တပ်က ရရှိထားတယ်ဟုဆို ပြီး ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦး အပါအဝင် ဌာနပေါင်းစုံက ခရိုင်မှူးတွေနဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါသေးတယ်။

Era’sEye/Photo /CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 9 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 10 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 25 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 27 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 35 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 39 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို