နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်တပ်ရဲ့ K-8W တိုက်လေယာဉ် ပစ်ချခံရပြီးသေဆုံးသူ လေယာဥ်မှူး နှစ်ဦးကို စစ်ကောင်စီဥက္ကဋ္ဌက ဆုတံဆိပ်တွေချီးမြှင့်

ကရင်နီပြည် ရွာသစ်ဒေသအနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ K-8W တိုက်လေယာဉ်ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ပစ်ချနိုင်ခဲ့ပါတယ်။

အဲဒီလိုပစ်ချခံရတာကြောင့်သေဆုံးခဲ့တဲ့ လေယာဉ်မှူးနှစ်ဦးကို စစ်ကောင်စီဥက္ကဋ္ဌက ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၃၀ရက်နေ့က ရွာသစ်ဒေသအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ကစေလွှတ်လိုက်တဲ့ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တဲ့အပေါ် စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖြစ်စဉ်အသေးစိတ်ကို ကလလတဘက်က ဇူလိုင်လ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကလလတတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့တဲ့ စစ်တပ်ရဲ့ တိုက်လေယာဉ်မှာ K-8W ဖြစ်ပြီး လေယာဉ်အမှတ်(၃၉၃၅)ဖြစ်ကာ ပစ်ချခံရတဲ့နေ့မှာ ဗိုလ်ကြီးသော်ဇင်(လေ ၄၁၉၈)နဲ့ ဗိုလ်အောင်ဖြိုးကျော် (လေ ၄၃၄၉)တို့ မောင်းနှင်ခဲ့ပြီး တောင်ငူလေယာဉ်ကွင်းကနေ ပျံတက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

လေယာဉ်ပျက်ကျရာ ရွာသစ်ဒေသအရှေ့ဖက်တောအတွင်းသို့ ချဉ်းကပ်ရန် မလွယ်ကူခဲ့ပဲ အဝေးကသာ မှတ်တမ်းတင်ဓါတ်ပုံအချို့ ရိုက်ယူနိုင်ခဲ့သလို လေယာဉ်ပျက်ကျခဲ့ရာ ဒေသတစ်ဝိုက်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်စွာဖြင့် အပူတပြင်းရှာဖွေပြီး အပျက်အစီးတွေကို တစမကျန် ကောက်ယူသွားတယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားခဲ့ကြတဲ့ ဗိုလ်ကြီး သော်ဇင်ကို “ဗိုလ်မှူး/သူရဘွဲ”နဲ့ ဗိုလ်အောင်ဖြိုးကျော်အား “ဗိုလ်ကြီး/သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်”တို့ကို စစ်ကောင်စီဥက္ကဋ္ဌက ဇူလိုင်လ ၂၄ရက်မှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကလလတအဖွဲ့အစည်းနဲ့ ပူးပေါင်းတပ်မှာ လေယာဉ်ကိုပစ်ခတ်နိုင်တဲ့ လက်နက်အမျိုးအစား မရှိပေမယ့် သူသေငါရှင် ရုတ်တရက်ကြုံရတဲ့ဖြစ်ရပ်မှာ တပ်ဖွဲ့ဝင် တပ်မှူးတပ်သားတွေက ရှိသမျှ လက်နက်ငယ်တွေနဲ့ ယခုလို ရဲရဲရင့်ရင့် ရင်ဆိုင်ပစ်ခတ်ခဲ့တာကြောင့် တိုက်လေယာဉ် K-8W ပျက်ကျတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပစ်ခတ်ပျက်ကျခဲ့တဲ့ K-8W သတင်းဖြစ်စဉ်ကို NUG ရဲ့ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဋ္ဌထံ အသိပေးအစီရင်ခံထားပြီး အချက်အလက်တွေကို စုံစမ်းထောက်လှမ်းပေးသူတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ကလလတရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 30 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 28 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 28 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 28 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 20 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 38 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 36 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 40 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့