နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ကျန်းမာရေးဝန်ထမ်း (၆၀) ကို အမည်ပျက် ဝန်ထမ်းအဖြစ်ကြေညာ

စစ်ကောင်စီနဲ့ပူးပေါင်တဲ့ ကျန်းမာရေးဝန်ထမ်း (၆၀) ကို အမည်ပျက် ဝန်ထမ်းတွေအဖြစ် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ (၂၈)ရက်နေ့မှာ ကြေညာထားချက်အရ သိရပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီအနေနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို စစ်ဆေးတွေ့ရှိရတာကြောင့် အခုလို ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။အခုလို အမည်ပျက်ဝန်ထမ်းတွေအဖြစ် ကြေညာတဲ့အထဲမှာ မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေက အများဆုံးဖြစ်ပြီး လက်ထောက်ဆရာဝန်တွေနဲ့ အထက်တန်းသူနာပြုတွေပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ကန်ပက်လက်မြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီးက Non-CDM တွေကို အမည်ပျက်စာရင်းမှာ ထည့်သွင်းပြီး ဆက်လက် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဆိုထားပါတယ်။

အခုကြေညာထားတဲ့ Non-CDM စာရင်းမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေ ရှိပါက ခိုင်လုံသော အထောက်အထားနဲ့ CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။နိုင်ငံရေးသုံးသပ်တဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဒီအချိန်မှာ ဒါတွေ လုပ်နေတာဟာ ပြည်သူတွေကိုပဲ ထိခိုက်စေမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ငွေကြေးချို့တဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေမှာ အားကိုးစရာဆိုလို့ မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေပဲ ရှိတယ်လို့ ပြောပါတယ်။

ငွေကြေးချမ်းသာတဲ့သူတွေကတော့ ထိုင်းနိုင်ငံနဲ့ ရန်ကုန်လို မြို့ပြတွေမှာ ဆေးကုသနိုင်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေအနေနဲ့ ဒီလိုဆေးရုံတွေကိုပဲ အားကိုးနေရတဲ့အတွက် သာမန်အရပ်သားပြည်သူတွေကို ပိုပြီးထိခိုက်စေပါတယ်လို့ ထောက်ပြကြပါတယ်။

တော်လှန်ရေး ကြာလာတဲ့နဲ့အမျှ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပအဖ၊ ပကဖ၊ ပလဖ ဆိုတဲ့ “ပ” သုံးလုံးအကြားမှာ ကြားညပ်လာရပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုတာကို မသိတော့ကြောင်း ဒေသခံပြည်သူတွေက ဆိုပါတယ်။ အခုအချိန်မှာတော့ ပြည်သူတွေဟာ နှစ်ဖက်လုံးကို ကြောက်နေရပြီး တနေ့ထက်တနေ့ ပိုပြီး ကျပ်တည်းလာကြောင်း ဆိုပါတယ်။

NUG အစိုးရဟာ နိုင်ငံရပ်ခြားကနေ စာတွေသာ ထုတ်ပြီး မီတာခမဆောင်ရလို့ ပြောကြားပေမယ့် မီတာခမဆောင်လို့ မီးဖြတ်ခံရသူက ပြည်သူတွေသာဖြစ်တဲ့အတွက် NUG အစိုးရဟာ ကိုယ့်ရဲ့ အာဏာတည်ဆောက်ရေးထက် ပြည်သူတွေအတွက် စဉ်းစားပြီး အလုပ်လုပ်သင့်တယ်လို့ ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို