နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး မြန်မာ့စီးပွားရေး

နက်စ် ကော်ဖီ၊ Maggi ခေါက်ဆွဲနှင့် မိုင်လို ထုတ်လုပ်သည့် Nestle ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာတော့မည်

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နာမည်ကြီး စားသောက်ကုန်ထုတ်လုပ်ငန်း Nestle က မြန်မာပြည်က လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ Nestle စက်ရုံနဲ့ ရုံးချုပ်တို့ရဲ့ လုပ်ငန်းလည်ပတ်မှု အားလုံးကို ရပ်ဆိုင်းသွားမယ်လို့ Nestle ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုထားကြောင်း AFP သတင်းဌာနက ဖော်ပြထားပါတယ်။

Nestle အနေနဲ့ နိုင်ငံအတွင်းမှာ Nescafe လို အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ မိုင်လို (Milo) ချောက လက် ဖျော်ရည် စတဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

လုပ်ငန်းရပ်ဆိုင်းမယ့် အချိန်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် စက်ရုံနဲ့ ရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၁၃၈) ဦးအတွက် ထိခိုက်နစ်နာမှုမရှိစေဖို့ ဆောင်ရွက်ပေးသွားမယ်လို့ Nestle က ပြောကြားထားပါတယ်။ Nestle အနေနဲ့ ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာ Nestle Myanmar Limited ကို တည်ထောင်ပြီး မြန်မာပြည်ဈေးကွက်ကို ဝင်ရောက်ခဲ့ပါတယ်။

အဲ့ဒီနောက် (၆) နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၅၀) ခန့် ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ခဲ့ပြီး နာမည်ကြီး ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း DHL နဲ့ ပူးပေါင်းကာ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို စတင်ခဲ့တယ်လို့ သိရှိပါတယ်။ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်က ဖြုတ်ချပြီး ကတည်းက မြန်မာနိုင်ငံဟာ မငြိမ်မသက်မှုတွေ ဖြစ်လာပြီး စီးပွားရေးလည်း ကျဆင်းလာခဲ့ပါတယ်။

ကမ္ဘာ့ရေနံကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Total, Chevron နှင့် နော်ဝေးနိုင်ငံအခြေစိုက် တယ်လီကွန်းအော်ပရေတာ Telenor တို့ အပါအဝင် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ လက်ရှိ စီးပွားရေး အခြေအနေကြောင့် စီးပွားရေး အချက်အချာကျတဲ့ ရန်ကုန်မှာရှိတဲ့ Nestle စက်ရုံရဲ့ လည်ပတ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း Nestle ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့ပါတယ်။

Nestle ဟာ မြန်မာနိုင်ငံတွင် Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲနှင့် Milo ချောကလက်ဖျော်ရည်များကို ထုတ်လုပ် ရောင်းချပေးလျက်ရှိပါတယ်။ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ Nestle ထုတ်ကုန်များကို မြန်မာနိုင်ငံအတွက် မြန်မာကုမ္ပဏီတစ်ခုမှ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ “ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်ခံစားရသူတိုင်းကို ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” လို့လည်း သူက ပြောကြားခဲ့ပါတယ်။ Nestle မြန်မာစက်ရုံနှင့် ရုံးချုပ်တွင် စုစုပေါင်း ဝန်ထမ်း (၁၃၈) ဦး ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၁၁ ခုနှစ်တွင် စစ်တပ်က သူရဲ့ ချုပ်ကိုင်မှုကို ဖြေလျှော့ပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး လွတ်လပ် ခွင့်များ လမ်းခင်းပေးပြီးနောက် ရင်းနှီးမြုပ်နှံသူများ မြန်မာနိုင်ငံအတွင်းသို့ စုပုံရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှု အပြီးတွင် လူပေါင်း တစ်သန်းကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ကြောင့် စီးပွားရေး ပြိုပျက်ခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်မှ သိရှိရပါတယ်။

အာဏာသိမ်းမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် စစ်အစိုးရကို တိုက်ထုတ်ရန် ပေါ်ပေါက်လာသော “ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့” ဝင်ပေါင်းများစွာနဲ့ နိုင်ငံတဝှမ်း တိုက်ပွဲများ ဖြစ်ပွားစေခဲ့တယ်။ အာဏာသိမ်းပြီးကတည်းက သဘောထားကွဲလွဲမှုများကြောင့် စစ်တပ်က နှိမ်နင်းမှုမှာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၉၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

Nestle ဟာ မနှစ်က ကမ္ဘာတစ်ဝှမ်း ရောင်းအား ဒေါ်လာ ၉၅ ဘီလီယံခန့် ရှိခဲ့ပါတယ်။

Source: AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာစီးပွားရေး အမေရိကန်

Tesla လျှပ်စစ်ကား အရောင်းသိသိသာသာ ကျဆင်းသွားကြောင်း ကြေညာ

  • 2024 ခုနှစ်၊ ဧပြီလ 3 ရက်
  • 93 Views
ဧပြီလ (၃) ရက်။ အမေရိကန် လျှပ်စစ်ကား (EV) ကုမ္ပဏီကြီး Tesla သည် ဇန်နဝါရီမှ မတ်လအတွင်း ကားသစ်ရောင်းအားသည်
Burma China တရုတ် မြန်မာ့စီးပွားရေး

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong မြန်မာနိုင်ငံသို့ လာရောက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 147 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ နေပြည်တော်။ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ၂၀၂၃
Myanmar Politics မြန်မာ့စီးပွားရေး

ရဲဒုတပ်ကြပ်အပါ ၂ ဦးကို ရေစကြိုပကဖ ဖမ်းဆီးခဲ့ပြီး ဒုတပ်ကြပ်တစ်ဦးသေဆုံး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 127 Views
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ရဲစခန်းက ရဲဒုတပ်ကြပ်တဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရှင်ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ ရဲဒုကြပ်သေဆုံးပြီး ရဲတပ်သားက လွတ်သွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက် ညနေ ၃
နိုင်ငံတကာစီးပွားရေး အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 154 Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်
Myanmar Politics မြန်မာ့စီးပွားရေး မြန်မာသတင်း

စစ်ဆေးခံနေရတယ်ဆိုတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာ စစ်ကောင်စီပြောင်းလဲ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 121 Views
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့နေရာကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၈)ရက်နေ့ရက်စွဲနဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာမှာ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး
Myanmar Politics မြန်မာ့စီးပွားရေး

ဂန့်ဂေါမြို့နယ်မှာလက်နက်ကြီးများနဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးအပါအဝင် ပြည်သူ့ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 146 Views
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့ကလေးအပါအဝင် ပြည်သူ့ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေတ်မျက်လုံးကို ပြောခဲ့ပါတယ်။ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာမှာ တပ်စွဲထားတဲ့
နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 172 Views
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု စတုတ္ထမြောက်နေ့ဖြစ်သော ၁၅ ရက်နေ့တွင်
မြန်မာ့စီးပွားရေး

ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံအနီး ဗုံးတွေ့ကာ စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့

  • 2023 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 169 Views
ဒီကနေ့ စက်တင်ဘာလ (၄) ရက် နံနက် (၁၀) နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စစ်ဆေးရုံအနီးမှာ ဗုံးတွေ့ရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ “ စစ်ဆေးရုံအကျော်နားမှာ ဗုံးတွေ့လို့ဆိုပြီး (၁၀) နာရီလောက်မှာ လမ်းပိတ်ထားတယ်၊ နောက်တော့