ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက်
မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။
ဗုဒ္ဓဟူးနေ့က ခေတ္တမျှ စျေးနှုန်းမြင့်တက်သွားခဲ့သည်မှအပ၊ နှစ်နိုင်ငံစလုံးသည် စစ်ပွဲကို အဆုံးသတ်ရန်နှင့် အဓိကရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် မူဘောင်သဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟူသော သတင်းများ ပြီးခဲ့သည့်ရုံးပိတ်ရက်က ထွက်ပေါ်လာကတည်းက ရေနံစျေးနှုန်းများ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့စံပြအညွှန်းကိန်းဖြစ်သော ဘရန့်ဒ်ရေနံစိမ်း (Brent crude) စျေးနှုန်းသည် ယခုသီတင်း ပတ်အစတွင် ၈၆.၈၀ ဒေါ်လာဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
လက်ရှိတွင် ယနေ့တစ်ရက်တာအတွင်း ၁.၆ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းကာ ၇၇.၉၀ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်နေသည်။








