အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေး ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ရဲ့ရွေးကောက် ပွဲ ကော်မရှင်က မတ် (၂၈)ရက်မှာကြေညာလိုက်ပါတယ်။
သတ်မှတ်ကာလအတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားတာ မရှိတာကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ကမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက် ထားတာ မရှိရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ခဲ့တာကြောင့် အခုလိုပါတီပေါင်း ၄၀ ကိုဖျက်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားရမယ့် သတ်မှတ်ကာလက မတ် ၂၈ ရက်မှာ ကုန်ဆုံးသွားပြီ ဖြစ်တယ်လို့ စစ်ကောင်စီ ရဲ့ရွေးကော်က ထုတ်ပြန်ခဲ့တာပါ။ လက်ရှိအချိန်ထိ ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခဲ့တဲ့ပါတီ ၆၃ ပါတီ ရှိနေပြီး ဆက်လက် တည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီ ၅၀ နဲ့ အသစ်တည်ထောင်ခွင့်လျှောက်တဲ့ပါတီက ၁၃ ပါတီ ရှိတယ်လို့ ဖော်ပြထားတာပါ။