နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

(၇၈) နှစ်မြောက် တပ်မတော်နေ့တွင် ပြောကြားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းအပေါ် သုံးသပ်ခြင်း။

ခေတ်မျက်လုံး အယ်ဒီတာအာဘော်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိန့်ခွန်းတွင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ မရှုံးဆုံးစေရန်အတွက် တပ်မတော်မှ (၇၈) နှစ် တိတိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့တွင် တပ်မတော်နေ့ အခန်းအနားကို စိန်ရတုသဘင်အဖြစ် ခမ်းနား ထည်ဝါစွာ ကျင်းပနိုင်ခဲ့ကြောင်း၊ သူ့အနေနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် သမိုင်းမော်ကွန်းသစ်ကို ထိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုလိုနီဘဝ သမိုင်းအကြောင်းအရာများနှင့် ရောမွေပြီး သူ့ဦးစီးနေသော တပ်မတော်ကြီးသည် မည်မျှ မြန်မာ နိုင်ငံအတွက်စွမ်းဆောင်ခဲ့ကြောင်း တပ်မတော်၏ ဂုဏ်ပုဒ်များကို ချီးကျူးပြောဆိုခဲ့သလို သူ့အနေနှင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုများ ရှိသောကြောင့် ၂၀၀၈ အခြေခံဥပဒေကို စောင့်ထိန်းလိုက်နာပြီး ဥပဒေနှင့်အညီ အာဏာ သိမ်းခဲ့ကြောင်း တပ်မတော်သားများအနေနှင့် လူထုကြီးတရပ်လုံးက ထောက်ခံအတည်ပြုခဲ့တဲ့ ၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ သူ့အနေနဲ့ တပ်မတော်ရဲ့သမိုင်းနဲ့မော်ကွန်းအသစ် ထိုးနိုင်ခဲ့တယ်ဆိုတာ လုံးဝမှန်ပါတယ်။ ဘယ်လိုမှန်သလိုဆိုရင် မြန်မာစစ်ဦးစီးချုပ်အားလုံးထဲမှာ တပြည်လုံးက မအေနဲ့ကိုင်ပြီး အဆဲခံရတာ သူတယောက်တည်း ရှိလို့ဖြစ်တယ်။ သူ့လက်အောက်က တပ်မတော်ဆိုတာကလည်း သမိုင်းမှာ မိမိပြည်သူတွေကို သတ်ဖြတ်၊ ရွာတွေကိုပေါ်ပေါ် ထင်ထင် မီးရှို့လုယက်နေတဲ့ တပ်ဖြစ်နေလို့ပါ။ ဆိုးဝါးလှတဲ့ သမိုင်းမော်ကွန်းအသစ်ပါ။

တပ်ချုပ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူအများကို မဟုတ်ဘဲ တပ်မတော်သားများကို ရည်ရွယ် ပြောကြားခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တပ်မတော်သားတွေကို စည်းလုံးညီညွတ်ကြဖို့ စည်းလုံးညီညွတ်မှ အောင်နိုင်မယ်ဆိုတာကိုလည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအချက်ဟာ တပ်တွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး မကျေလည်တာတွေ ရှိနေလို့ သတိပေးတဲ့သဘောလို့ ယူဆနိုင်ပါတယ်။

တပ်ချုပ်ပြောသွားတဲ့ အထဲမှာ ၂၀၂၃ ခုနှစ်ဟာတပ်မတော်ရဲ့ စိန်ရတုသဘင်ဖြစ်ပြီး ခန်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့တယ်ဆိုတာ မှားနေတာတွေ့ရတယ် တပ်မတော်ရဲ့ ၇၅ နှစ်မြောက် စိန်ရတုသဘင်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ကတည်းက ပြီးသွားခဲ့ပါပြီ ဒါပေမဲ့ ဒီလိုပြီးသွားတဲ့ ၇၅ နှစ်မြောက်ကို ၇၈နှစ်မြောက်မှာ ထပ်ပြီး စိန်ရတုသဘင်လို့ ထပ်ပြီး ကင်ပွန်းတပ်နေသလဲဆိုတာက တပ်ချုပ် အနေနဲ့ တပ်ကသူ့ကို ထောက်ခံလာအောင် လျော့ကျနေတဲ့ ယုံကြည်မှုကို ဆယ်မနိုင်အောင် စည်းရုံးနေတာလို့ မြင်ပါတယ်။

နောက်တခု မှားနေတာက မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်ဂျပန်တွေကို စတင်တိုက်ထုတ်ဖို့ စတင်ခဲ့တဲ့နေ့ ဖြစ်တဲ့အတွက် အဲဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ ဗိုလ်ချုပ်နေဝင်းက သတ်မှတ်ပြီး “တော်လှန်ရေးနေ့”လို့ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ် တပ်မတော်နေ့ မဟုတ်ပါဘူး။ ဒါကြောင့် အခု ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်းဆုံတဲ့ မြေနီကုန်း နေရာက ပန်းခြံကြီးဟာ “တော်လှန်ရေးပန်းခြံကြီး” အဖြစ် ထားရှိခဲ့ပြီး မတ်လ (၂၇) ရက်နေ့ ရောက်တိုင်း တပ်မတော်သားတွေ ချီတက် လာပြီး စစ်ရေးပြတဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုုပ်သန်းရွှေ လက်ထက်ကျမှ တပ်မတော်နေ့အဖြစ် ပြောင်းလဲပြီး ကျင်းပတာဖြစ်တယ်။

သမိုင်းနဲ့ချီပြီးပြောတဲ့အထဲမှာ သူက အင်္ဂလိပ်တွေက မြန်မာပြည်ကို သိမ်းပိုက်ကျွန်ပြုခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တဲ့အချိန်ကာလမှာ အောက်မြန်မာပြည်ဟာ များစွာတိုးတက်လာခဲ့တာ မေ့ထားလို့ မရသလို အင်္ဂလိပ် လက်ထက်က ပညာရေးဟာ ကျွန်ပညာရေးလို့ မြန်မာနိုင်ငံရေးသမားတွေက ပုတ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် အင်္ဂလိပ် လက်ထက်က ပညာရေးဟာ အလွန်အဆင့်မြင့်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်ကြီးကနေ နိုင်ငံရေးသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ကျောင်းသားတွေ စုစည်းနိုင်တဲ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိတယ်။ သတင်းစာ လွတ်လပ်ခွင့်တွေ ရှိတယ်။ မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီ၊ တရုတ်သတင်းစာတိုက် ၂၀ လောက်တောင် ရှိခဲ့တယ်။ နိုင်ငံရေးအရ ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းထားရင်လည်း A Class, B Class အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာရှိစွာ ထားပေးတယ်။ ထောင်ထဲမှာစားဖို့ အသုံးစရိတ်ချပေးတယ်၊ ထမင်းချက်ပေးထားတယ်။

အင်္ဂလိပ်လက်ထက်မှာ မြန်မာ့ ကျွန်းသစ်တွေကို ထုတ်ရင် စနစ်တကျ ထုတ်တယ်။ သစ်ပင်ပတ်လည်ကို တိုင်းပြီး လုံးပတ်ပြည့်မှ သင်းသတ်ခွင့် ပြုတယ် ဒါကြောင့်မြန်မာ့ ကျွန်းသစ်တွေ မျိုးမတုံးခဲ့ဘူး။ သစ်တောတွေမပြုန်းတီးခဲ့ဘူး ပဲခူးရိုးမ၊ အလယ်ရိုးမတွေမှာ သစ်ကြီးဝါးကြီး အများအပြားရှိခဲ့ဘူးတယ်။ အင်္ဂလိပ်လက်ထက်မှာ ဆယ်တန်းအောင်နှုန်းက ၃%-၄%ထက်မပိုဘူး အလွန်ကြိုးစားမှသာ အောင်ကြတယ်။

အခုလို ဆယ်တန်းကို ချီးပေါသေးပေါ အအောင်ပေးပြီး တက္ကသိုလ်ရောက်လို့ ဘွဲ့ရလည်း ဘာမှ မတတ်လို့ ရရာအလုပ်တွေ လုပ်နေရတာနဲ့စာရင် အင်္ဂလိပ်လက်ထက်မှာ ၁၀ တန်း အောင်ရင် စာရေးစာချီ အထက်တန်းရုံး စာရေးအလုပ်တွေ ကြိုက်တဲ့နေရာ ဝင်နိုင်တယ် အရည်အချင်းလည်း ရှိကြတယ်။ မြန်မာတွေ အင်္ဂလိပ်ကျွန်ဘဝမှာ လွတ်မြောက်သွားပြီးတော့ ပိုကောင်းတဲ့ဘဝတွေများ ရမလားလို့ ထင်ထားခဲ့ကြတာ ပိုဆိုးတဲ့ စစ်ကျွန်ဘဝကို ရောက်ခဲ့ရပြီးတော့ စစ်တပ်ရဲ့ လက်နက်ကိုင်ဗိုလ်ကျမှုအောက်မှာ ၆၁ နှစ်အထိ လူ့အခွင့်အရေးတွေ ပျောက်ဆုံးပြီး ဒုက္ခတွေ ရောက်နေရတဲ့အတွက် တော်လှန်ရေးကြီး ဖြစ်လာခဲ့တယ်လို့ သုံးသပ်မိတယ်။

တပ်ချုပ်က အနောက်နိုင်ငံတွေ ခြေထိုးလို့ ညီညွတ်ရေး ပြိုကွဲရတယ်လို့ အပြစ်ပုံချတယ်။ အမှန်တော့ အနောက်နိုင်ငံတွေကြောင့်ထက် အုပ်ချုပ်သူဘုရင်က မယား ၆၀ လောက်နဲ့ ပျော်မွေ့နေတဲ့အပြင် အရည်အချင်းရှိတဲ့ ကနောင် မင်းသားကြီးကို မင်းဖြစ်ချင်တဲ့ ဘုရင့်သားတွေက အာဏာရူးပြီး လုပ်ကြံလို့ တိုင်းပြည်မှာ အရည်အချင်းရှိသူတွေ မဲ့ခဲ့ရလို့ သူ့ကျွန် ဖြစ်ရတာပါ။ တပ်ချုပ်က မြန်မာ့တပ်မတော်ဟာ ဗမာလွတ်လပ်ရေးတပ်မတော် (BIA) ကနေအမည်ပြောင်း BDA ဖြစ် နောက် BLA နဲ့နောက်ဆုံး BA (Burma Army) လို့ ပြောင်းလဲပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ပြောသလို ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပြီး နောက်တပ်ကတည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ဆိုရှယ်လစ်စနစ်ကို ချီတက်ခဲ့တယ်။

ဒါပေမဲ့ ၁၉၈၈ခုနှစ်မှာ လူထုအုံကြွမှုဖြစ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အတွက် တပ်က နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် တိုင်းပြည်အာဏာကို တပ်က ဒုတိယအကြိမ် ထပ်ယူခဲ့ရပြန်တယ်လို့ ဆိုတယ်။ ဗိုလ်ချုပ်နေဝင်း ဆိုရှယ်လစ်စနစ်နဲ့ ဆိုရှယ်လစ်ပါတီ တည်ထောင်ပြီး အတိုက်အခံ မရှိဘဲ ချီတက်လိုက်တာကြောင့် တိုင်းပြည်ကြီး လူမွဲနိုင်ငံ ဖြစ်သွားခဲ့ရတာကိုတော့ ထည့်မပြောဘဲ ချန်ထားခဲ့တယ်။ ၈၈ မှာ အကြမ်းဖက်မှုတွေဖြစ်အောင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှန်းရေးတွေက ဆန္ဒပြသူတွေကို အဆိပ်ခတ်ခဲ့တာ စစ်မှုထမ်းဟောင်းတွေကို ကပစထုတ် ဂျင်ကလိတွေထုတ်ပေးပြီး သတ်ခိုင်းတာတွေ ရှိခဲ့တာကြောင့် လူထုကြီးက စိတ်မထိမ်းနိုင်ပဲ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲကို ကျခဲ့တာတွေ သမိုင်း သက်သေတွေ ရှိပါတယ်။

တပ်ချုပ်မင်းအောင်လှိုင်နဲ့သူ့ဆရာဗိုလ်ချုပ်သန်းရွှေတို့လုပ်ရပ်တွေကိုနှိုင်းယှဉ်ကြည့်ရင် – ၁၉၉၀-ရွေးကောက်ပွဲမတိုင်ခင် နိုင်တဲ့ပါတီကို အာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျားကို ပြန်မယ်လို့ ကတိပေးခဲ့ပေမဲ့ NLD ပါတီက အပြတ်အသတ်နိုင်တဲ့အခါ အာဏာမပေးဘဲ ပါတီခေါင်းဆောင်တွေ၊ စည်းရုံးရေးမှူးတွေ အများအပြားကို ဖမ်းဆီးခဲ့တယ်။ မင်းတို့နိုင်တယ်ကွာ ဒါပေမဲ့ မပေးဘူး ဖမ်းတယ်ကွာဆိုပြီး လူမိုက်ဆန်ဆန် လုပ်ခဲ့တယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီနဲ့ မဲပေးခဲ့စဉ်က တပ်ချုပ်မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒအတိုင်း လက်ခံမယ်လို့ ပြောခဲ့ပြီး NLD ပါတီက အပြတ်အသတ်နိုင်တဲ့အခါ မဲမသမာမှု ရှိတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တယ်။ မင်းအောင်လှိုင်က ဗြောင်မလုပ်ရဲဘူး လိမ်လည်အကြောင်းပြတယ်။ သူဆရာတွေက ဗြောင်လုပ်ရဲတယ်။ အဓိက တပ်ကအာဏာကို ပြည်သူရွေးချယ်တဲ့ အစိုးရထက် သူတို့လက်ထဲမှာပဲ ထားချင်တယ် တိုင်းပြည်ရေးရာကို သူတို့က ချယ်လှယ်ချင်တဲ့ သဘောထားပါပဲ။

“ဒီမိုကရေစီအပေါ် သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံအစိုးရကမျှ ခွင့်ပြုမှာမဟုတ်ပါဘူး” လို့ တပ်ချုပ်က ဆိုထားပါတယ်။ ဒီနေရာမှာတော့ တပ်ချုပ်စကားဟာ သွေးထွက်အောင်မှန်ပါတယ်။ ပြည်သူတွေ တခဲနက်မဲပေး ရွေးချယ်ထားတဲ့ အမျိုးသားဒီမိုကရေစီအစိုးရကို မဲမသာမာမှု ရှိတယ်ဆိုပြီး တပ်ချုပ်က လက်နက်ကိုင်တပ်နဲ့ အကြမ်းဖက် အာဏာသိမ်းခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံအများစုက လက်မခံသလို ပြည်သူတွေကလည်း လက်မခံကြလို့ NUG, PDF, LPDF တွေ ပေါ်လာတာပဲ ဖြစ်တယ်။ အနောက်နိုင်ငံတွေကလည်း ဒီလို အာဏာသိမ်းတာကို ရှုံ့ချသလို အာဆီယံမှာလည်း တက်ရောက်ခွင့်မရတာတွေဟာ ဘယ်သူက အကြမ်းနေသလဲဆိုတာ ပေါ်လွင်နေပါတယ်။

နောက်ဆုံးမှာတော့ တိုင်းပြည်မှာ ဒီလိုအတည်မငြိမ်ဖြစ်နေတာ NUG, PDF, LPDF တွေနဲ့ EAOs တွေကြောင့်လို့ အပစ်ပုံချပြီး သူအာဏာသိမ်းလိုက်လို့ တည်ငြိမ်အေးချမ်းနေတဲ့ နိုင်ငံကြီး မီးလောင်ပြင် ဖြစ်နေရတယ်ဆိုတာကို ဝန်ခံခြင်း မရှိတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ပြည်တွင်းစစ်မီးကိုငြိမ်းသတ်ဖို့ထက် လက်မှတ်ထိုးထားတဲ့ ၆ ဖွဲ့နဲ့ လက်မှတ်မထိုးထားတဲ့ ၄ဖွဲ့ပေါင်း ၁၀ ဖွဲ့နဲ့ ဆက်လက်ညှိနှိုင်းမယ်ဆိုပြီး NUG, PDF, LPDF တွေကိုအားပေးနေတဲ့ EAOsကို အပြတ်ခြေမှုန်းမယ်လို့ ချိမ်းခြောက် လိုက်ပါတယ်။ အမှန်တော့ သူ့အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးကို ရယူပေးချင်တယ်ဆိုရင်အားလုံးနဲ့ ဘာသတ်မှတ်ချက်မှ မထားဘဲ စားပွဲဝိုင်းမှာ တွေ့ဆုံချင်ပါတယ်ဆိုတဲ့ စကားမျိုးပဲ ထွက်ရမှာဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 74 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 92 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 71 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 153 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 125 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 218 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 179 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 137 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့