စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်က အထိုင်တပ်စခန်းကို ပြန်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က စစ်သား ၂၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မဟာမိတ် တပ်ပေါင်းစု တွေဆီက သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဟာ ဧပြီ ၂၇ရက် ညနေပိုင်း ၃ နာရီမှာ ကျောက်ရစ်အထိုင်စခန်းကိုအပြန် လမ်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်တပ်ပေါင်းစုတွေက စောင့်ကြိုတိုက်ခိုက်ထိတွေမှု ဖြစ်ပွားခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကျောက်ရစ်အထိုင်စခန်းမှာ အရေးပေါ်ဆေးကုနေရတယ်လို့ သိရပါတယ်။
Era’sEyes | Video-CRD