မိုခါဆိုင်ကလုန်းကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ကူညီခွင့်ပြုဖို့ ပုတ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုတ်ရဟန်းမင်းကြီးက ခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာ ပြည်သူ ၅ ဒသမ ၄ သန်းခန့် ဘေးသင့်ခဲ့ပြီး ပြည်သူ ၃ ဒသမ ၂ သန်းက လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံက ပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပြည်သူတွေဆီကို ရောက်ရှိတာ မနောင့်နှေးစေဖို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ဆိုင်ကလုန်း မိုခါကြောင့် ရခိုင်ပြည်နယ်မှာ သေဆုံသူ ၄၀၀ ကျော်ရှိခဲ့ပါတယ်။
Era’sEye/Photo-CRD