မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းကငါးလုံးပြွန်ရွာမှာ သုံးလကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ မိနစ်၃၀ ကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှာ ရွာကနေ ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။
မြေပြင်သတင်းအရ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ ငါးယောက် ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မိုးမခမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ မြေခွေးပြင်ဦးလွင်ခရိုင်ပကဖ၊ မြေခွေးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။