နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ-တရုတ်နယ်စပ်အနီး စစ်ကြောင်း (၅) ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ TNLA တို့ တနေကုန်နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့

မြန်မာ-တရုတ် နယ်စပ်အနီး ပြည်သူ့စစ် (၃) ဖွဲ့အပါ စစ်ကြောင်း (၅) ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ပူးပေါင်းတပ်နဲ့ တအာင်းတပ် (TNLA) တို့ တနေကုန်နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒီကနေ့ ဩဂုတ်လ (၂၉) ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၈) ရက်နေ့က တရုတ်နယ်စပ်နဲ့ (၁.၅၄) ကီလိုမီတာသာကွာဝေးတဲ့ ခိုမုန်းရွာအနီးမှာ စစ်တပ်ရဲ့ တပ်မ (၉၉) လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇)စစ်ကြောင်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖြစ်တဲ့ ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁/၂/၃) အဖွဲ့က စစ်ကြောင်း (၅) ကြောင်းနဲ့ TNLA ရှိရာကို ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်း (၅)ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ပူးပေါင်းတပ်တွေနဲ့ တအာင်းတပ် (TNLA) တို့အကြား နံနက် (၈ )နာရီကနေ ညနေ (၅)နာရီခွဲအချိန်ထိ တနေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ၎င်းတို့တပ်စွဲထားတဲ့ နမ့်ဖက်ကာ (၁၂၃)တပ်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့ ခိုမုန်းရွာအနီးကို (၁၀၀) မမ လက်နက်ကြီးနဲ့ (၈) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်တပ်ရဲ့ တပ်မ (၉၉) လက်အောက်ခံ (၄၂၀) နဲ့ (၄၁၇) တပ်က TNLA ဘက်ကို ထိုးစစ်ဆင်နိုင်ခြင်း မရှိတာကြောင့် တပ်စွဲထားတဲ့ လွယ်ကျယ်လောက်ကနေ မူဆယ်မြို့၊ စယ်လန့်ရွာအနီးက ဘုရားတောင်ကို လက်နက်ကြီးတွေနဲ့ အကြိမ်ရေ (၂၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်သွားခဲ့တယ်လို့ ဆိုထားပါတယ်။

အလားတူ TNLA တပ်မဟာ (၄) စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့မှာလည်း စစ်ကားတွေအသုံးပြုပြီး ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်အနီးမှာ တနေကုန်နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဘက်က ထိခိုက်ကျဆုံးတာ အများအပြား ရှိခဲ့ပေမယ့် အသေးစိတ် မသိရှိရသေးဘူးလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 0 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 0 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 0 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 0 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်အနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 0 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခမ်းအနားမှာ NUG အနေနဲ့ ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 0 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 7 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး