ဒီကနေ့ ဩဂုတ်လ (၂၉)ရက် မနက်ပိုင်းအချိန်က ကနီမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး “ အထွေထွေ အကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့” ဆိုတဲ့ ဘန်နာစာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Era’sEye\News