မူဆယ် ၁၀၅မိုင်ကနေ လားရှိုးဘက်အထွက် တိုးဂိတ်အကျော် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ လုံထန်ပြည်သူ့စစ်တို့အချင်းချင်း ပစ်ခတ်မှုဖြစ်လို့ ၄ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၂၉ရက်နေ့ နေ့လည် ၂နာရီခွဲဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မ (၉၉) ဘက်က (၂) ဦး လုံထန်ပြည်သူ့စစ်ဘက်က (၂) ဦး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာကို ပိတ်ပင်ထားပြီး သတင်းဖုံးကွယ်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။Eraseye\news