နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ချင်းတွင်းမြစ်ထဲကနေ စစ်ကောင်စီရေယာဉ်ရဲ့ ပစ်ခတ်မှု နေအိမ်အချို့နဲ့ ဘုရားဆင်းတုတော်တွေ ထိမှန်ခဲ့

မုံရွာနယ်ကနေ ချင်းတွင်းမြစ်အောက်ဘက်ကို စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ်ရဲ့ ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဆင်းတုတော်နဲ့ နေအိမ်အချို့ ကျည်ထိမှန်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရပါတယ်။


စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်ခန့်က အုန်းပင်ဆိပ်ကနေ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်သုံးရေယာဉ်တစ်စီးဟာ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်ကို စုန်သွားခဲ့တဲ့အချိန်မှာ အခုလို ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။
“ ရေကြောင်းကနေ စခတွေရဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဘုရား၊ စေတီနဲ့ နေအိမ်အချို့ ကျည်ထိမှန်ခဲ့ပါတယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒီကနေ့မှာ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဒီကနေ့ စက်တင်ဘာလ (၂၈) ရက် နံနက် (၈)နာရီခွဲအချိန်ကလည်း မုံရွာနယ် မင်းဒေါင့်ဆိပ်ကမ်းကနေ စစ်ကောင်စီတပ်ရဲ့ ရေယာဉ် (၁၆) စီးပါအုပ်စုဟာ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာနေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို ချင်းတွင်းမြစ်ထဲ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေ သွားလာနေတာနဲ့ပတ်သက်ပြီး မြစ်ကမ်းဘေးနေပြည်သူတွေအနေနဲ့ သတိရှိကြဖို့ အဖွဲ့ရဲ့ သတိပေးပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 20 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 23 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 20 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 20 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 19 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 28 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 33 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 37 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး