နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီကို ဘဏ္ဍာငွေထောက်ပံ့နေတဲ့ ဂျော့ရင်ဆွန်းမှာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေမှ လွတ်‌မြောက်နေတယ်လို့ JFM အသိပေးထုတ်ပြန်

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီတွေထဲမှ စစ်ကောင်စီကို ဘဏ္ဍာငွေထောက်ပံ့နေတဲ့ အ သက် ၆၃ နှစ်အရွယ် ဂျော့ရင်ဆွန်း မြန်မာအမည် ဦးကျော်ကျော်ထွန်းဆိုသူမှာ နိုင်ငံတကာ ပိတ်ဆို့အ ရေးယူမှုတွေကနေ လွတ်‌မြောက်နေတယ်လို့ Justice for Myanmar (JFM ) က အသိပေးထုတ်ဖော်လိုက် ပါတယ်။


စစ်ကောင်စီနဲ့ဆယ်စုနှစ်များစွာ လက်တွဲလုပ်ကိုင်လာတဲ့ဦးကျော်ကျော်ထွန်းမှာစီးပွားရေးသမားဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ ဆေးရွက်ကြီးလုပ်ငန်းနဲ့ လက်တွဲလုပ်ကိုင်လျက်ရှိတယ်လို့ JFM ကဖော်ပြထားပါတယ်။

“လက်ရှိမှာတော့ သူဟာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးနဲ့ အတူ နာ မည်ကြီး ဆေးရွက်ကြီး စီးပွားရေးလုပ်ငန်းကို လုပ် ကိုင်လျက်ရှိပြီး၊ စစ်ရာဇဝတ်ကောင်တွေနဲ့ လူသတ် မှု၊ မုဒိန်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုအဖွဲ့အစည်းတွေအတွက် ဘဏ္ဍာငွေတွေ တိုက်ရိုက် ပံ့ပိုးပေးနေတာ ဖြစ်တယ်” ဟု JFM က ဆိုပါတယ်။

အဆိုပါ ဂျော့ရင်ဆွန်းဆိုသူက စင်ကာပူနိုင်ငံမှာ အ‌ခြေချကာ သိုသိုသိပ်သိပ်နေထိုင်တတ်သူဖြစ်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံခြင်းမရှိတဲ့အပြင်စင်ကာပူနိုင်ငံအနေနဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်မခံ‌ကြောင်း ပြသဖို့လည်း JFM က တိုက်တွန်းထားပါတယ်။

“စင်ကာပူနိုင်ငံအနေနဲ့ မသမာစီးပွားရေးလုပ်ငန်းတွေနဲ့ ဝိသမစီးပွားရေးသမားတွေကို လက်မခံကြောင်း ကမ္ဘာကို ပြသဖို့ အချိန်တန်ပါပြီ။ သူ့ ငွေတွေ၊ လောင်စာဆီတွေနဲ့ ကူညီခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြန်လည်ရင်ဆိုင်ဖို့ ဂျော့ရင်ဆွန်းကို မြန်မာပြည်ပြန်ပို့ပါ” လို့လည်း JFM ကပြောထားပါတယ်။

မြန်မာစစ်ကောင်စီကို ငွေကြေး၊ လက်နက်နဲ့ ဆက် စပ်ကိရိယာပံ့ပိုးရာမှာ အဓိကကျတဲ့ စင်ကာပူရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြဖို့ လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြတဲ့ “Dirty Over 30” စာရင်းမှာလည်းအဆိုပါ ဂျော့ရင်ဆွန်း(ခ) ဦးကျော်ကျော်ထွန်းလည်း ပါ၀င်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 3 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 5 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 5 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 5 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။