နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

တူရကီသမ္မတက အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုလိုပဲလို့ ဝေဖန်လိုက်တာကြောင့် အစ္စရေးက တူရကီက သူ့တို့သံတမန်တွေကို ပြန်ခေါ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လက်ရှိစစ်ဆင်ရေးတွေကို တူရကီက ဝေဖန်ခဲ့ပြီးနောက် အစ္စရေးသံတမန်ဝန်ထမ်းအားလုံးကို တူရကီကနေ ပြန်ခေါ်လိုက်ပါတယ်။ ယခင်က Twitter ဟုလူသိများသော X ရဲ့ ပို့စ်တစ်ခုမှာ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က အစ္စရေး-တူရကီ ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်သွားမှာဖြစ်ကြောင်း စနေနေ့က ရေးသားခဲ့ပါတယ်။ “တူရကီကလာတဲ့ အလေးအနက်ထား ကြေညာချက်တွေအရ အစ္စရေးနဲ့ တူရကီကြား ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ဖို့ သံတမန်ကိုယ်စားလှယ်တွေကို အဲဒီနေရာက ပြန်လာဖို့ အမိန့်ပေးထားပါတယ်” ဟု ကိုဟင်က ရေးသားခဲ့ပါတယ်။

ကြာသပတေးနေ့မှာ တူရကီသမ္မတ အာဒိုဂန်က ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုများဟာ မိမိကိုယ်ကို ခုခံကာကွယ်မှုအဖြစ်မှ ကျော်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ကာ အခုအခါ တိုက်ခိုက်မှုများဟာ ဖိနှိပ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ရိုင်းစိုင်းမှု တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စနေနေ့မှာ အာဒိုဂန်က အစ္စတန်ဘူလ်ရှိ ပါလက်စတိုင်းထောက်ခံသူ လူအုပ်ကြီးကို “ (အစ္စရေး ထူထောင်ပေးတဲ့) ဂါဇာကမ်းမြောင်ဒေသသစ်များ ပေါ်ပေါက်လာစေရန် ဘယ်သောအခါမှ ခွင့်မပြုရန် သန္နိဋ္ဌာန်ပြုပြီး ဆန္ဒပြပွဲမှ ထွက်ခွာသင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုးစစ်တစ်ခုဖြင့်သူပုန်များသည် ဆီးရီးယား၏ အကြီးဆုံးမြို့ကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင် ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 15 Views
သူပုန်များသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ကို ထိုးဖောက်ဝင်ရောက်လာ ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ရုရှားသည် ယူကရိန်းသို့ များပြားသည့် ဒရုန်းနှင့် ဒုံးကျည်များ ပစ်ခတ်မှုကြောင့် စွမ်းအင်အခက်အခဲနှင့်ယူကရိန်း ရင်ဆိုင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 16 Views
နိုဝင်ဘာလ (၂၉) ရက်။ ယူကရိန်းစွမ်းအင်ဝန်ကြီးက အရေးပေါ် ဓာတ်အား ပြတ်တောက်မှု စတင်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် တာဝေးပစ်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးနှင့် လက်ဘနွန်တို့က ဟစ်ဇ်ဘိုလာနှင့် ပဋိပက္ခအဆုံးသတ်ရေး သဘောတူညီချက်ကို လက်ခံခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 67 Views
နိုဝင်ဘာလ (၂၇) ရက်။ အစ္စရေး လုံခြုံရေး ဝန်ကြီးအဖွဲ့သည် လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အင်္ဂါနေ့တွင် အတည်ပြုခဲ့ပြီး ဟစ်ဇ်ဘိုလာနှင့် နယ်စပ်ဖြတ်ကျော် တိုက်ပွဲများ တစ်နှစ်ကျော်ကြာ ဖြစ်ပွားပြီးနောက် တလအကြာ အလုံးစုံ စစ်ပွဲအသွင် ကူး‌ပြောင်းလာကာ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့ဝင်များ လက်ဘနွန်မှ ချက်ချင်းဆုတ်ခွာမည်မဟုတ်ဟုဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 68 Views
နိုဝင်ဘာလ (၂၇) ရက်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ချိန်တွင် အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်မှ ချက်ချင်းဆုတ်ခွာမည်မဟုတ်ကြောင်း အမေရိကန်အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း သဘောတူညီချက်ပါ စည်းကမ်းချက်များအရ ရက်ပေါင်း ၆၀ အတွင်း ဆုတ်ခွာမည်ရမည်ဖြစ်သည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အထူးတပ်ဖွဲ့စစ်ဆင်ရေးဖြင့် အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာစပိုင်ကို လက်ဘနွန်ပိုင်နက်သို့ ကျူးကျော်ဝင်ရောက် ဖမ်းဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 60 Views
နိုဝင်ဘာလ (၃) ရက်။ အစ္စရေးရေတပ် အထူးတပ်ဖွဲ့ “ရှာရက်တေ ၁၃ (Shayetet 13)” ၏ စစ်ဆင်ရေးတွင် လက်ဘနွန် ရှီးယိုက် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာ အဖွဲ့၏ အဆင့်မြင့် စပိုင်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

CNN သုံးသပ်ချက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 36 Views
အမေရိကန်၏ ဖိအားပေးမှုအပြီးတွင် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်မှာ အီရန်အပေါ် မူတည်နေ အောက်တိုဘာလ (၂၆) ရက်။ အစ္စရေးနှင့် အီရန်တို့အကြား ပြင်းထန်သော်လည်း ကြိုကြားကြိုကြား ဒုံးကျည်ပစ်လွှတ်မှုတွင် နောက်ဆက်တွဲ ဖြစ်လာမည့်အရာသည် ယခုမှစပြီး ၁၀ ရက်အတွင်း အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 6.54K Views
++++++++++++++++++++++++++++++++++++++++++++++++++++++ အောက်တိုဘာလ (၂၁) ရက်။ ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာနေရာအဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် မီဒီယာက ကြေညာသည်။ ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သည့် ဘဏ္ဍာရေးအဖွဲ့အစည်း အင်စတီကျူးရှင်းတစ်ခု၏ ဌာနခွဲသုံးခုကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အောက်တိုဘာလ ၁၉ ရက်နေ့ည အစ္စရေးတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၈၇ ဦးသေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 9.93K Views
အောက်တိုဘာလ (၂၁) ရက်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာရှိ ဘေလာဟီယာကို အောက်တိုဘာလ ၁၉ ရက်နေ့ညက အဆောက်အအုံအများအပြားကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏