နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

1027 Operations

1027 Operations

ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ လိုင်လင်းပီမြို့ကို ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်မယ်လို့ CNF ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ လိုင်လင်းပီမြို့ကို ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၂၄) ရက်နေ့က ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လိုင်လင်းပီမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၃၀၄) တပ်စခန်း နှစ်နေရာကို အပြီးအပိုင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုအခါ CNA/CNF နဲ့ Maraland Council/CDF-Mara တို့ဟာ နယ်စပ်အတွင်း ပြည်သူတွေနဲ့ စစ်ဖက်ဆိုင်ရာ ဆက်သွယ်သွားလာမှု အဆင်ပြေစေရေးအတွက် လိုင်လင်းပီမြို့ ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲထဲ အသက်အန္တရာယ်လုံခြုံရေးအတွက် ယာယီစစ်ဘေးရှောင် ဒေသခံပြည်သူတို့ရဲ့ လူမှုအခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တဲ့ ပြည်သူတွေ၊ မီဇိုရမ်ပြည်နယ်က ဒေသခံတွေနဲ့ လူမှုအဖွဲ့တွေကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

လိုင်လင်းပီမြို့ဟာ မီဇိုရမ်ပြည်နယ်နဲ့ ချင်းလဲန်းအကြား ပြည်သူတွေ၊ စစ်ဘေးရှောင်တွေ ဆက်သွယ်သွားလာမှုနဲ့ စစ်ရေးအရ ချိတ်ဆက်ရာမှာလည်း လုံခြုံရေးအရ မဟာဗျူဟာကျတဲ့ မြို့ဖြစ်ကာ လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒေသတွင်း လုံခြုံချောမွေ့စွာ ပြန်လည်ဝင်ရောက်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ နယ်မြေရှင်းလင်းရေးတို့ကို ပြည်သူလူထု ပါဝင်ပူးပေါင်းမှုနဲ့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့
1027 Operations မြန်မာသတင်း

ချက်ချင်းအပစ်ရပ်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို တရုတ်နဲ့ ပူးပေါင်းသွားမယ်လို့ MNDAA ပြော၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်ဘူးလို့  MNDAA ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 12 Views
ချက်ချင်းအပစ်ရပ်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို တရုတ်နဲ့ ပူးပေါင်းသွားမယ်လို့ MNDAA ပြော၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ တိုက်ပွဲတွေဆက်ဖြစ်၊ သီပေါကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 7 Views
စက်တင်ဘာလ (၁၇) ရက်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက သီပေါရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃) တပ်စခန်းနေရာကို ဗုံးအလုံး ၈၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်
1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 16 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ (၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်နဲ့
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 21 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်ဘိုင်းရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ
1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ စစ်ကောင်စီမိုင်းနင်းမိပြီး အမှိုက်ကောက်သူတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 24 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း(၄၁)အနီးမှာ အမှိုက်ကောက်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိတာကြောင့် အမှိုက်ကောက်တဲ့ အမျိုးသားရဲ့
1027 Operations မြန်မာသတင်း

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 33 Views
စက်တင်ဘာလ (၁၀)ရက်။ အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 27 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့