လက်နက်ကိုင်တော်လှန်နေတာ လူထုလွတ်မြောက်ရေးအတွက်သာ ဖြစ်တယ်လို့ People’s Revolution Alliance – လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) တပ် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းမှာ PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့ပါတယ်။
ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တစ်ခုဖြစ်တယ်။ လူထု လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရတာဖြစ်တယ်။ လူထုသာ မထောက်ခံ မထောက်ပံ့ရင် ဒီအခြေအနေကို ရောက်လာစရာ အကြောင်းမရှိဘူး PRA-Magway စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့ပါတယ်။
People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)ကို နွေဦး တော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ မကွေးတိုင်းက ကျောင်းသားလူငယ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်ကြွလှုပ်ရှားသူတွေက ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မကွေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။