မေလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင်ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြိုနယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် (၃) လမ်းရှိ နေအိမ်တစ်ခုအား စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေပြီး အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများမှ သိရှိရသည်။
သတင်းထဲတွင် လျှို့ဝှက် သတင်းပေးချက်အရ ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ (၄) ဦးနှင့်အတူ Drone (၂) စီး၊ ၁၂ ဗို့ကျည် ၂၃၀ တောင့်၊ ၉ မမ ကျည် ၁၀၀ တောင့်၊ စနိုက်ပါကျည် ၁၃၀ တောင့်၊အီနာဂါ (၁) လုံးနှင့် လက်လုပ်မိုင်း (၆) လုံးကို သိမ်းဆည်းရမိသည်ဟု ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
ခေတ်မျက်လုံးအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စုံစမ်းနေဆဲ ဖြစ်ပါသည်။