ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဆုကို လာမယ့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူမှာ ဖြစ်ပါတယ်။
ဆစ်ဒနီတက္ကသိုလ်မှာကျင်းပမယ့် အဲဒီအခမ်း အနားမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ဒီမိုကရေစီသို့အသွင်ကူးပြောင်းရေး ခြေလှမ်းတွေအကြောင်း ဟောပြောပို့ချသွားမယ်လို့လည်း သိရပါတယ်။
Era’sEye/Photo-CRD