ကရင်ပြည်နယ်ထဲက သံတောင်မြို့မှာ မေ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၂) လက်အောက်ခံတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ပြီး စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မြို့တွင်းကို ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးမှုရှိတယ်လို့သံတောင်မြို့ခံတွေကပြောပါတယ်။






ဒါအပြင် ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေဆဲလို့သိရပါတယ်။
လက်နက်ကြီးကျည်ကျ လို့ သံတောင်မြို့ ရပ်ကွက်ထဲက နေအိမ်အချို့ ထိမှန်ပျက်စီးသလို ငွေတောင်ကလေးကျေးရွာက ဆေးပေးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ သံတောင်မြို့ ဒေသခံတွေကပြောပါတယ်။
သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၂) တို့ကြားစစ်ရေးတင်းမာနေတာပါ။
Era’sEye/photo-TDMP