၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ခေတ်မျက်လုံး။
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုပ်ပုံကို အသုံးပြုထားတဲ့ အသုဘ ဖိတ်ကြားလွှာဆိုတဲ့ လှုပ်ရှားမှုတစ်ရပ်ကို လာမယ့် ၇ လပိုင်း ၃ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အမည်းရောင်တွေဝတ်ဆင်ပြီးတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြုလုပ်သွားမယ်လို့ အဲဒီ ဖိတ်ကြားလွှာထဲမှာ ရေးသားထားပါတယ်။
အဲဒီ ဖိတ်စာထဲမှာ လာရောက်ပူးပေါင်းပြီး ကျိန်စာတိုက်ပေးကြဖို့ဆိုပြီးလည်း ဖိတ်ခေါ်ထားပါတယ်။ဒီလို လှုပ်ရှားမှုကို ဦးဆောင်ထားတဲ့ အဖွဲ့အစည်းကိုတော့ ဖော်ပြထားတာ မရှိပေမယ့် ထိုင်းနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပါဝင် ဝေမျှခဲ့တာလို့ သိရပါတယ်။
Era’s Eye