မန္တလေးနန်းတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို နည်းပညာမြင့်ပစ္စည်း တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
‘တိမ်ပျံစစ်ဆင်ရေး’အဖြစ် ဇွန်လ ၂၆ ရက် ည ၁၁ နာရီခွဲက နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ Generation Z Power-GZP မြို့ပြပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့တို့ပူးပေါင်းပြီး တိုင်းမှူးနဲ့ ဒုတိုင်းမှူးအိမ်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်တိုင်းမှူးနှင့် ဒုစစ်တိုင်းမှူးတို့ရဲ့ နေအိမ်အဆောက်အအုံတွေထိခိုက်မှုရှိပြီး လူထိခိုက်သေဆုံးမှုရှိ၊ မရှိကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။
GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့တွေက နည်းပညာမြင့်ပစ္စည်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
Era’sEye