နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

တစ်ရက်ထဲ မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ (၃) နေရာ ဖြစ်ပွားခဲ့

တစ်ရက်ထဲ မူဆယ်မြို့နဲ့ ကွတ်ခိုင်မြို့တို့မှာ စစ်တပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ တိုက်ပွဲ (၃) နေရာဖြစ်ပွားခဲ့ပြီး စစ်တပ်က ဂျက်လေယာဉ် အပါအဝင် လက်နက်ကြီး အလုံး (၆၀) ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့ ဩဂုတ်လ (၃၀)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၉)ရက်နေ့ နံနက် (၉)နာရီခန့်က စစ်တပ် တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၂၀)၊ (၄၁၇) နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက TNLA ရှိရာ ကွတ်ခိုင်မြို့ လွယ်တယ်မိန်းတောင်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နားထန်အနီးမှာ တစ်ကြိမ်နဲ့ ညနေ (၅)နာရီ (၄၅) မိနစ်မှာ စယ်လန့်ရွာအနီး တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ကွတ်ခိုင်မြို့နယ်ရှိ လွယ်နောတောင်ကို စစ်တပ်လက်အောက်ခံ စကခ(၁၇)၊ ခမရ(၅၇၇)နဲ့ ရမခ/ခရလ(၄၅)တို့ ထိုးစစ်ဆင်လာတာကြောင့် နေ့လယ် (၁၁)နာရီခန့်မှာ ခိုမုန်းကျေးရွာအနီး TNLA နဲ့ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် TNLA ဘက်က မူဆယ်မြို့ အပါအဝင် စယ်လန့်ရှိ စစ်တပ်စခန်းနဲ့ ကွတ်ခိုင်မြို့ နမ့်ဖက်ကာဘက်တွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များခဲ့တယ်လို့ဆိုပေမယ့် အသေးစိတ်တော့မသိရှိရသေးပါ။

တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အနီးဝန်းကျင်ကို စစ်တပ်ရဲ့ နမ့်ဖက်ကာတပ်စခန်းက လွယ်မောက်တောင်ကို လက်နက်ကြီးအကြိမ်(၂၀)၊ (၁၀၅)မိုင်တပ်စခန်းက (၁၅)ကြိမ်နဲ့ လွယ်ကျလော့စခန်းက အကြိမ် (၃၀)ကျော် စယ်လန့်ရွာ စေတီတောင်နဲ့ စယ်လန့်ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့ပြင် ညနေ (၅) နာရီ (၄၀)မိနစ်အချိန်မှာ စစ်တပ်က တံတားဦးကနေ ဂျက်ဖိုက်တာ (၁) စီးနဲ့ စယ်လန့်စေတီတောင်ကို ဗုံး (၈) လုံး လာရောက် ကျဲချခဲ့တယ်လို့ ထုတ်ပြန်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် လူနေအိမ်တွေနဲ့ လူထိခိုက်တာတွေ ရှိခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

eraseye\news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို