နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 25 ရက်

1027 Operations

1027 Operations

ပန်ဆိုင်းမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီလို့ ကိုးကန့်တပ်ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။

ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ရရှိခဲ့တဲ့ ပန်ဆိုင်းမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။

ပန်ဆိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းထူထောင်ရေးအစည်းအဝေးကို အုပ်ချုပ်ရေးရုံးမှာ ကျင်းပခဲ့ပြီး မုံးကိုးခရိုင်ပါတီကော်မတီဥက္ကဌက သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ရာထူးခန့်အပ်မှုနဲ့ တာဝန်ခွဲဝေမှုတွေကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်သူလူထုကို ဂရုပြုစည်းရုံးကြဖို့၊ လူမှုစည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ထူထောင်ဖို့၊ ပြည်သူတွေကို လုပ်ငန်းခွင်ပြန်ဝင်စေဖို့နဲ့ ထုတ်လုပ်မှုတွေ၊ စာသင်ကျောင်းတွေ ပြန်စပြီး ကလေးတွေကို စာသင်ကျောင်းဆီ အမြန်ဆုံးပြန်ရောက်စေဖို့ မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအစည်းအဝေးကို မုံးကိုးခရိုင်ပါတီကော်မတီဥက္ကဌ၊ ဒုခရိုင်မှူး၊ MNDAA နိုင်ငံရေးဌာနက ဒုဗိုလ်မှူးကြီးအဆင့် နိုင်ငံရေးမှူး၊ မိုင်းပေါ်ဒေသပါတီကော်မတီဥက္ကဌ၊ ဒုယာယီဒေသအုပ်ချုပ်ရေးမှူး၊ ပန်ဆိုင်းမြို့ ဒုယာယီမြို့နယ်မှဓးနဲ့ ရပ်ကွက်မှူးအသီးသီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” လုပ်ဆောင်လာတဲ့တစ်လျှောက်မှာ ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ပူးပေါင်းပြီး ကိုးကန့်၊ မုံးကိုး၊ မူပန်(သိန္နီ)နဲ့ ကွတ်ခိုင်နေရာတွေမှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တယ်လို့ MNDAA က ပြောဆိုထားပါတယ်။

နိုဝင်ဘာလ (၁၉)ရက်နေ့မှာ ပန်ဆိုင်းနယ်စပ်ဂိတ်ကို တတိယမြောက် နယ်စပ်ဂိတ်အဖြစ် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တပြိုင်နက် ပန်ဆိုင်းမြို့ကို ပြန်လည်ထူထောင်နိုင်ခဲ့တာကို နိုဝင်ဘာလ (၂၈)ရက်နေ့ အထက်ပါအစည်းအဝေးမှာ ကြေညာခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 14 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 36 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့က ဧပြီ
1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 34 Views
ဧပြီလ (၁၀)ရက်။ လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လားရှိုးမြို့မှာ တိုက်ပွဲကာလထဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 39 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 32 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ KIO ဘက်က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ပေါ်က နေရာအချို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 32 Views
ဧပြီလ (၄)ရက်။ ကိုးကန့်တပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားဖို့ရှိနေတယ်ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။ “ အခု ရပ်ကွက်အလိုက်မှာ အစည်းအဝေးခေါ်ပြီး ပြောတာ။ မြို့ပေါ်က ရပ်ကွက်တွေမှာ စကစက ပြန်အုပ်ချုပ်မယ်ပေါ့၊ ဘယ်လိုပုံစံလာမလဲတော့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 44 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငလျင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်လာတဲ့