၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ?
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ ကျင်းပပြီး ဆုရရှိသူများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။
၉ ။“TRIANGLE OF SADNESS” (သုံးပွင့်ဆိုင်ဝမ်းနည်းပူဆွေးမှု)
ဤဇာတ်ကားသည် အကယ်ဒမီ အမျိုးအစားစာရင်း ဆန်ခါတင် ၄ ခု ဝင်ထားသည်။ ဆွီဒင်ရုပ်ရှင်ရိုက်ကူးသူ ရူဘင် အော့လန် (Ruben Östlund) သည် လူမျိုးရေး၊ ချမ်းသာမှု၊ လူမှုရေးအဆင့်အတန်းနှင့် မညီမျှမှုများကို ဆန်းစစ်သည့် ပြင်းထန်သော လူမှုရေးသရော်စာတစ်ခုကို ဖန်တီးခဲ့ပြီး ထိုဖန်တီးမှုအတွက် အကောင်းဆုံး ဒါရိုက်တာအဖြစ် လျာထားခံရသည်။
၎င်းသည် ကွယ်လွန်သူ ချာယ်ဘီ ဒီင်း (Charlbi Dean) နှင့် ဟဲရစ် ဒစ်ဆင် (Harris Dickinson) တို့ကို Influencer ဆယ်လီစုံတွဲအဖြစ် အခြားချမ်းသာသော ဧည့်သည်များနှင့်အတူ ရွက်လှေခရီးစဉ်တွင် ခရီးအတူသွားမှုကို တင်ပြထားသည်။ ရွက် လှေသည် မုန်တိုင်းတစ်ခု၏အလယ်တွင် ပိတ်မိသွားပြီး ဧည့်သည်များသည် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်တွင် ရောက်ရှိသွားသည့်အခါ ပရမ်းပတာ ဖြစ်လာသည်။
ဒေါ်လီ ဒီ လီယွန် (Dolly De Leon) က အိမ်အကူ အဘရီဂေးလ် (Abigail) အဖြစ် သရုပ်ဆောင်ထားပြီး သူသည် နောက် ပိုင်း ဇတ်လမ်းတွင် အုပ်စုခေါင်းဆောင် ဖြစ်လာပုံကို အာရုံစိုက် တင်ပြထားသည်။ အကောင်းဆုံး ဇာတ်ကားအတွက် ဆန်ကာတင် စာရင်းဝင်ထားပြီး YouTube၊ Apple TV နှင့် Amazon တို့တွင် ငှားရမ်းနိုင်ပါသည်။