နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်

အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ် သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

အကြီးတန်းအမေရိကန်အကြံပေးအာရက် လိုက်စတုံး( Aryeh Lightstone) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂါနေ့ညက ကိုင်ရိုမြို့တွင် ဟားမတ်စ်ဘက်မှ ထိပ်တန်း ညှိနှိုင်းရေးမှူး ခါလီအယ် ဟေယာ(Khalil al-Hayya) နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ် များအရ သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် လိုက်စတုံး နှင့်အတူ အမေရိကန်ကျောထောက် နောက်ခံပြု ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ၏ ဂါဇာဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် နစ်ကိုလေမာလယ်ဒီနော့ဗ်(Nickolay Mladenov) လည်း တက်ရောက် ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

CNN မှ မှတ်ချက်ပေးရန် ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက “ကျွန်တော်တို့အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ညှိနှိုင်းမှုတွေအပေါ် မှတ်ချက်မပေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလက ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အစ္စရေး၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လွတ်မြောက်လာခဲ့သူအယ်ဟေယာ( Al-Hayya) က — နောက်တစ်ဆင့်သို့ ကူးပြောင်းနိုင်ရန်အတွက် — ပထမအဆင့် သဘောတူညီချက်ပါ ကတိကဝတ်များဖြစ်သည့် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုဝင်ရောက် ခွင့်ပေးရန်တို့ကို အစ္စရေးဘက်က အပြည့်အဝအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း လိုက်စတုံး(Lightstone) ကို တိုက်တွန်းခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

အောက်တိုဘာလတွင် စေ့စပ်ညှိနှိုင်းခဲ့သော အပစ်ရပ်စဲရေးသည် နှစ်နှစ်ကြာ ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲကို အဆုံးသတ်နိုင်ခဲ့သော်လည်း ပျက်စီးသွားသော ထိုနယ်မြေ၏ အနာဂတ် အထူးသဖြင့် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ဟားမတ်စ်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် အရေးကြီးသော မေးခွန်းများကိုမူ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ အစ္စရေးက သိမ်းပိုက်မထားသော ဂါဇာဒေသများတွင် ဟားမတ်စ်တို့က ၎င်းတို့၏ ထိန်းချုပ်မှုကို ပြန်လည်အတည်ပြုထားပြီး အစ္စရေးစစ်တပ်ကလည်း ထိုနယ်မြေအတွင်း မကြာခဏ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

အင်္ဂါနေ့က တွေ့ဆုံပွဲသည် အပစ်ရပ်စဲရေး ပထမအဆင့်ပါ အစ္စရေး၏ လိုအပ်ချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်အတွက် လိုက်စတုံး က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံအပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အမေရိကန်သတင်းရင်းမြစ်တစ်ခုနှင့် ဆွေးနွေးပွဲအကြောင်း သိရှိသူ သံတမန်တစ်ဦးက ပြောသည်။ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ဟားမတ်စ်ဘက်က လက်နက်စွန့်လွှတ်ရန် ကတိပြုမှသာ အဆိုပါ လိုအပ်ချက်များကို အကောင်အထည်ဖော်ရန် အစ္စရေးက သဘောတူ ခဲ့သည်ဟု သိရသည်။

ဟားမတ်စ်၊ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးမှူး များ အကြား တွေ့ဆုံမှုများသည် အပစ်ရပ်စဲရေး သဘောတူညီချက်၏ နောက်တစ်ဆင့် အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းတွင် ဟားမတ်စ်ဘက်မှ လက်နက်စွန့်ရန်၊ ဂါဇာတွင် နိုင်ငံတကာတပ်ဖွဲ့များ ချထားရန်နှင့် ပျက်စီးနေသော နယ်မြေအတွင်းမှ အစ္စရေးတပ်များ ပြန်လည်ရုပ်သိမ်းရန် စသည့်အချက်များ ပါဝင်သည်။

သို့သော် အစ္စရေးက ပထမအဆင့် ကတိကဝတ်များကို မဖြည့်ဆည်းမီ ဟားမတ်စ်ဘက်က လက်နက်စွန့်ရန် တောင်းဆိုမှုများကြောင့် အဆိုပါဆွေးနွေးပွဲများမှာ ထပ်တလဲလဲ တုံ့ဆိုင်း နေရကြောင်း သတင်းရင်းမြစ်အများအပြားက ဆိုသည်။ အစ္စရေးသည် သဘောတူညီချက်ပါ ၎င်း၏ တာဝန်များကို လိုက်နာခြင်းမရှိကြောင်း ဟားမတ်စ်နှင့် ဂါဇာတွင် လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းများက ပြောကြားထားသော်လည်း အစ္စရေးကမူ ယင်းကို ငြင်းဆို ထားပြီး ဟားမတ်စ်ဘက်ကသာ ချိုးဖောက်နေသည်ဟု ပြန်လည်စွပ်စွဲထားသည်။

အောက်တိုဘာလတွင် အပစ်ရပ်စဲရေး စတင်ကတည်းက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၇၆၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြီးတန်း ဟားမတ်စ် သတင်းရင်းမြစ်တစ်ခုကမူ ၎င်းတို့စစ်သွေးကြွအဖွဲ့အနေဖြင့် အဆိုပါ အဆိုပြုချက်ကို မျှတမှုမရှိဟု ရှုမြင်ပြီး “လုပ်ငန်းစဉ်တစ်ခုလုံးကို လက်နက်ဖျက်သိမ်းရေး ဆိုတဲ့ အပိုဒ်တစ်ခုတည်းအဖြစ် လျှော့ချပစ်ကာ ကျန်တဲ့ ပထမအဆင့် တာဝန်ဝတ္တရားတွေကို တော့ ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ဘေးဖယ်ထားတာမျိုး ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

“ဒီအဆိုပြုလွှာဟာ ဦးစားပေးသတ်မှတ်မှုမှာ ကြီးမားတဲ့ မမျှတမှုကို ပြသနေပါတယ်။ အစ္စရေးရဲ့ လုံခြုံရေးကို အရင်ထားပြီး ပါလက်စတိုင်းတွေရဲ့ လူသားချင်းစာနာမှု၊ နိုင်ငံရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အခွင့်အရေးတွေကိုတော့ နောက်ဆုတ်ထားပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် မာလယ်ဒီနော့ဗ်(Mladenov) သည် အစ္စရေး၏ တောင်းဆိုချက်များကို လက်ဆင့်ကမ်းပေးရုံသာမက ဟားမတ်စ်အနေဖြင့် လက်နက်မစွန့်ပါက အစ္စရေးက စစ်ပွဲပြန်စလိမ့်မည်ဟု သတိပေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“Mladenov က ‘ဒီစာတမ်းကို လက်ခံမလား ဒါမှမဟုတ် စစ်ပွဲကိုပဲ ပြန်ရင်ဆိုင်မလား’ ဆိုပြီး သွယ်ဝိုက်တဲ့ ခြိမ်းခြောက်မှုတွေ လုပ်တဲ့အထိတောင် ရောက်လာခဲ့တယ်” ဟု သတင်းရင်း မြစ်က ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း နူဆေးရတ် (Nuseirat) ဒုက္ခသည်စခန်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ပါလက်စတိုင်းရဲတပ်ဖွဲ့သုံး ဂျစ်ကားတစ်စီးအနားတွင် လူများစုရုံးနေကြစဉ်။ (ဓာတ်ပုံ – Eyad Baba/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက