နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်

ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့် အတန်းလိုက် အတန်းလိုက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၉၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြို့တော်တွင် သေဆုံးသူ လေးဦးအနက် ၁၂ နှစ်သားအရွယ် ယောကျ်ားလေးတစ်ဦး ပါဝင်ပြီး အရှေ့တောင်ဘက်ရှိ ဒီနီပရို (Dnipro) မြို့တွင် လူသုံးဦး သေဆုံးခဲ့သည်။

နယ်စပ်တစ်ဖက်ခြမ်းတွင်မူ ရုရှားနိုင်ငံ ကရာ့စနိုဒါ ခရိုင် (Krasnodar Krai) ဒေသအတွင်း ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုဒေသ၏ အုပ်ချုပ်ရေးမှူး ဗီနီယာမင် ကွန်ဒရာတယက်ဗ် (Veniamin Kondratyev) က တယ်လီဂရမ် (Telegram) တွင် ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုများသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်က အော်သိုဒေါ့စ် အီစတာ (Orthodox Easter) ပွဲတော်ကျင်းပစဉ် အပစ်အခတ်ရပ်စဲရေး ခေတ္တလုပ်ဆောင်ခဲ့ပြီးနောက် ဖြစ်ပွားလာခြင်းဖြစ်ပြီး၊ ထိုကာလအတွင်း နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး ချိုးဖောက်မှု ရာပေါင်းများစွာရှိသည်ဟု စွပ်စွဲခဲ့ကြသည်။

မြို့တော်ရှိ သေဆုံးမှုများအပြင် ကိယက်ဗ် (Kyiv) မြို့လယ်ရှိ ပိုဒိုလ်စကီး (Podilsky) ခရိုင်တွင် ပြိုကျသွားသည့် ၁၆ ထပ်မြင့် လူနေအဆောက်အအုံ အပျက်အစီးများအောက်မှ မိခင်နှင့် ကလေးတစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကို (Vitali Klitschko) က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

မြို့တော်၏ မြောက်ဘက်ပိုင်းတွင်မူ ထပ်ခါတလဲလဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများထဲတွင် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ထမ်း လေးဦး ပါဝင်ခဲ့သည်။

အလယ်ပိုင်းမြို့ဖြစ်သော ဒီနီပရိုအား တိုက်ခိုက်မှုတွင် လူသုံးဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အိုလက်ဇန်းဒါး ဂမ်ဇာ (Oleksandr Ganzha) က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ အွန်လိုင်းတွင် တင်ထားသော ဓာတ်ပုံများအရ မြို့အတွင်းရှိ အဆောက်အအုံများ မီးလောင်ကျွမ်းနေသည်ကို တွေ့ရသည်။

အခြားတစ်နေရာတွင်မူ တောင်ဘက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော အိုဒက်ဆာ (Odesa) သို့ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း မြို့ပြစစ်ဘက် အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ဆာဂျီ လိုင်ဆက် (Sergiy Lysak) က တယ်လီဂရမ်တွင် ဖော်ပြခဲ့သည်။

ခါကိဗ် (Kharkiv) မြို့တွင်လည်း ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) က “ဒီလို တိုက်ခိုက်မှုတွေ ကို ပုံမှန်လိုမျိုး သဘောမထားနိုင်ပါဘူး။ ဒါတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်ပြီး ဒါတွေကို ရပ်တန့်ရမယ်၊ ကျူးလွန်သူတွေကိုလည်း တာဝန်ခံခိုင်းရမယ်” ဟု ပြောကြားခဲ့သည်။

၎င်းက အခြားနိုင်ငံများအနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် သို့မဟုတ် ယူကရိန်းအတွက် ထောက်ပံ့ရေးအစီအစဉ်များ ကူညီပေးရန် “ချက်ချင်း အရေးယူ ဆောင်ရွက် ကြဖို့” တိုက်တွန်းခဲ့သည်။

“ကျူးကျော်သူအပေါ် ဖိအားတိုးမြှင့်ဖို့ လိုအပ်တဲ့ ဆုံးဖြတ်ချက်အားလုံးကို အခုပဲ အကောင်အထည်ဖော်ရပါမယ်” ဟု ဆီဘီဟာက ကြာသပတေးနေ့တွင် X လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ယူကရိန်းစစ်ပွဲသည် ယခုအခါ ငါးနှစ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အရှေ့အလယ်ပိုင်းစစ်ပွဲဘက်သို့ အာရုံပြောင်းသွားခဲ့ပြီးနောက်ပိုင်းတွင် ဆွေးနွေးပွဲလုပ်ငန်းစဉ်များ ရပ်တန့်နေခဲ့သည်။

ယူကရိန်းဘက်က အကြိမ်ကြိမ် အဆိုပြုနေသည်မှာ ရုရှား၏ ကျူးကျော်မှုကို ရေရှည်တည်တံ့သော အဆုံးသတ်တစ်ခုဖြစ်စေရန် ဆွေးနွေးရာတွင် ပထမခြေလှမ်းအဖြစ် အပြည့်အဝ တည်ငြိမ်သည့် အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရန် ဖြစ်သည်။

သို့သော် မော်စကိုဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို အရင်ဆုံး သဘောတူရန် ဇွတ်အတင်းတောင်းဆိုနေခြင်းကြောင့် ရုရှားသည် တိုက်ပွဲများအဆုံးသတ်ရန် အလေးအနက် မရှိကြောင်း ကိယက်ဗ်ဘက်က စွပ်စွဲမှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာန- ကိယက်ဗ်မြို့ရှိ ရုရှားဒုံးကျည်တိုက်ခိုက်မှုဖြစ်ပွားရာနေရာတွင် မီးတောက်လောင်နေသည့်အတွက် ကယ်ဆယ်ရေးသမားများ အလုပ်လုပ် နေစဥ်(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက