ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ စစ်ဘေးရှောင်များရှိသည့် နေရာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ဧပြီ (၂၉)ရက် မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိချိန်တွင် ဗုံးကျဲ တိုက်ခိုက်ထားတဲ့ နေရာတွေကို စစ်တပ် ကင်းထောက် လေယာဉ်တွေက လှည့်ပတ် ကြည့်ရှု့နေတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ တွေနဲ့ ဒေသခံများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘူးလို့ ဒေသခံများထံက သိရပါတယ်။
Era’sEyes/Photo Crd- KL