နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဓနု ရောက် စစ်ကောင်စီခေါင်းဆောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်ပြော။

ယမန်နေ့ မေလ (၃၀) ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိနေသော စစ်ကောင်စီဥက္ကဋ္ဌက ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝပတ်ဝန်းကျင် အလှအပများရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီး ထင်ရှားသောနေရာများကို ပိုင်ဆိုင်ထား၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်၊ဒေသမှထွက်ရှိသည့် ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များအား ဆွဲဆောင်မှုရှိရန်နှင့် အရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရန်စသည့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မည်ဟု ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

“ ဒေသကအဓိကထွက်ရှိတဲ့ လက်ဖက်၊ ကော်ဖီ၊ ပဲပုပ် စတဲ့ စားသောက်ကုန်တွေကို အရသာရှိအောင်လုပ်ပြီး စနစ်တကျ ထုတ်ပိုးလိုက်မယ်ဆိုရင် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်မှာ ဖြစ်သလို ရောင်းအားတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

“ နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပြီး ဒေသအကျိုး သယ်ပိုးကြဖို့လိုပါတယ် အခုဆွေးနွေးတာတွေဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ အကျိုးအတွက် တိုက်တွန်းပြောဆိုတာပါ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုသည်ဟုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံမှာ စစ်တပ်က ၁၉၆၂ ခုနှစ် နေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်အဆက်ဆက်ဟာ တိုင်းရင်းသား နယ်မြေတွေမှာရှိတဲ့ သဘာဝ သံယံဇာတတွေ၊ သစ်တောတွေ အတိုင်းအတာမရှိ သူတို့ကိုယ်ကျိုးအတွက် ထုတ်လုပ်ရောင်းစားခဲ့ကြတယ်၊ ဒေသခံတိုင်းရင်းသားတွေမှာ ဘာခံစားခွင့်မှ မရှိခဲ့ကြဘူး။

သာဓကအားဖြင့် ပြောမယ်ဆိုရင် ကယား (ကရင်နီ) မှာ ထုတ်တဲ့ လျှပ်စစ်ဓာတ်အားကို ကယား (ကရင်နီ) ပြည်နယ် သုံးစွဲခွင့် မရခဲ့ဘူး။

အဲလိုပဲ ရခိုင်ပြည်နယ်မှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နဲ့ ထိုင်းကို ရောင်းတယ်၊ ဒါပေမယ့် အဲ့ဒီကရတဲ့ အကျိုးအမြတ်တွေ ရခိုင်ဒေသခံတွေ ခံစားခွင့်မရှိဘဲ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ထဲမှာ တခုပါပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အနည်းဆုံးဖြစ်ခဲ့ရတယ်။ အဲ့ဒီလို တခုချင်း ပြောမယ်ဆိုရင် ကုန်စရာမရှိဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဓနုကို လာရောက်ပြီး အဲ့ဒီလို ပြောကြားခြင်းဟာ တပြည်လုံးထကြွပြီး တော်လှန်နေတဲ့ ပြည်တွင်းစစ်မှာ ဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေထဲက လူမျိုးတမျိုးဖြစ်တဲ့ ဓနုကို တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းသွားမှာကို စိုးရိမ်တဲ့အတွက် လာရောက်ချွေးသိပ်သွားတာပဲ ဖြစ်တယ်လို့” ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောကြားခဲ့ပါသည်။

ဓာတ်ပုံ။ စစ်ကောင်စီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 7 Views
“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂) တော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီရလာနိုင်သလား ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယပိုင်း ဆွေး‌နွေးမှုအဖြစ် ဦးထွန်းအောင်ကျော်နဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ဆွေး‌နွေးမှုကို တင်ဆက် လိုက်ပါတယ်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 5 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် (၅၈၆)တပ်၊ (၃၄၃)တပ်နဲ့
မြန်မာသတင်း

မန္တလေးမှာ ဆိုက်ဘာဥပဒေအကြောင်းပြပြီး ဖမ်းဆီးခံရတဲ့လူငယ် (၁၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ဆိုက်ဘာဥပဒေ အကြောင်းပြပြီး မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လူငယ် (၁၂၂)ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဆိုက်ဘာဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို လမ်းမတွေပေါ်မှာ ဖုန်းတွေကို စစ်ဆေးဖမ်းဆီးကာ
မြန်မာသတင်း

တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလား (အပိုင်း ၁)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်နေသလဲ နဲ့ တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလားဆိုတဲ့မေးခွန်းတွေကို ဥပဒေပညာရှင်ဦးအောင်ထူးကို ဦးထွန်းအောင်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၁၂)ဦးဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၆)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့က အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးတာကနေ ထိတွေ့တိုက်ပွဲတွေ