မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်နဲ့ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်စံပြကျေးရွာ တောင်ဘက်လမ်းပိုင်းကို မေလ (၂၉) ရက် မွန်းလွဲပိုင်းက ဒေသခံများက ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။
အဲဒီလိုပြုပြင်နေစဥ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။




အခုလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူထိခိုက် သေဆုံးမှုများ မရှိခဲ့ပေမယ့် ဒေသခံတွေရဲ့ကားတစီး ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာအပြင် ကပိုင်ကျေးရွာအနီးရှိ သီးကုန်းရွာ အရှေ့မြောက်ဘက် တစ်နေရာကိုလည်း လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချသွားခဲ့သးတယ်လို့ သိရပါတယ်။
Era’sEye/Photo- ယင်းမာပင်ခရိုင်တပ်ရင်း-၃၆