နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကရင်နီပြည်မှာ စစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ ၊ စစ်တပ်ဘက်က အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဘက်က အများအပြားသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNDFဗဟိုက ဒီနေ့ ဇူလိုင် (၃၁) ရက် မှာ သတင်းထုတ်ပြန်လာပါတယ်။


မော်ချီးစုစည်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် မိုးဗြဲဘက်ကနေ လွိုင်ကော်ဘက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ (၂၄)ရက် နဲ့ (၂၅)ရက် တို့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကို KA၊ KNDF B/02၊ KNDF B/14၊ KNDF B/12၊ KNF ETDနဲ့ Loikaw PDFတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 (၅)လက်၊ MA-2 စက်ကလေး (၁)လက်၊ MA-3 (၂)လက် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 11 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်
မြန်မာသတင်း

အခုနှစ်ထဲ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၄)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့
မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 34 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 34 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တကူရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာရှိ အထက်တန်းပြ
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 25 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့