နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အာရှ

ဗီယက်နမ် VinFastသည် မော်တော်ကား ထုတ်လုပ်သူအဖြစ် ဈေးကွက်တွင် ကမ္ဘာ့နံပါတ် (၃) နေရာရောက်လာ

ဗီယက်နမ်၏ VinFast သည် ယခုအခါ ကမ္ဘာ့နံပါတ် (၃) မော်တော်ကား ထုတ်လုပ်သူအဖြစ် ဈေးကွက်တွင် နေရာယူလာသည်။

EV လျှပ်စစ်ကား ထုတ်လုပ်သူများ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၁၉၁ ဘီလီယံ ကျော်လွန်သော်လည်း အချို့သော ကန့်သတ် ရှယ်ယာများတွင် ကြမ်းတမ်းသော အပြောင်းအရွှေ့များ ရှိနေသည်ကို ထောက်ပြကြသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်၊ နယူးယော့ခ်။ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ယခုအခါ US အခြေစိုက် Tesla နှင့် ဂျပန်နိုင်ငံမှ Toyota Motor တို့နောက်တွင် ကမ္ဘာလုံးဆိုင်ရာ မော်တော်ကား ထုတ်လုပ်သူများကြား တတိယမြောက် ဈေးကွက်အရင်းအနှီး အများဆုံး ရရှိထားပါသည်။

ကုမ္ပဏီ၏ ရှယ်ယာများသည် တနင်္လာနေ့တွင် အမေရိကန်ဈေးကွက်၌ ၂၀% မြင့်တက်ခဲ့ပြီး ၎င်း၏ဈေးကွက်အရင်းအနှီးသည် ဒေါ်လာ ၁၉၁.၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း CNBC မှ ပြောကြားခဲ့သည်။

ကုမ္ပဏီ၏အမေရိကန်လုပ်ငန်းများသည် အပြည့်အဝ လုပ်ဆောင်ခြင်း မရှိသေးသော်လည်း ထိုနေရာတွင် EV အရှိန်အဟုန်ဖြင့် ရင်းနှီးမြုပ်နှံသူတစ်ဦးချင်းစီမှ ဝယ်ယူမှုများကို အလျင်အမြန် ဖြစ်စေခဲ့သည်။

FactSet ၏ အဆိုအရ ကမ္ဘာ့လျှပ်စစ်ကားထုတ်လုပ်မှုကို ဦးဆောင်နေသူ Tesla သည် သြဂုတ် ၂၅ ရက်အထိ ဈေးကွက်အရင်းအနှီး ဒေါ်လာ ၇၆၀ ဘီလီယံရှိပြီး၊ သူ့နောက်တွင် Toyota က ဒေါ်လာ ၂၇၀ ဘီလီယံရှိသည်။ VinFast သည် ဒေါ်လာ ၁၆၀ ဘီလီယံဖြင့် နောက်မှ လိုက်ခဲ့သည်။ အခြားအဓိကထုတ်လုပ်သူများတွင် တရုတ်၏ BYD နှင့် ဂျာမနီမှ Volkswagen တို့သည် ဒေါ်လာ ၉၀ ဘီလီယံနှင့် ၇၀ ဘီလီယံ အသီးသီးရှိသည်။

EV ဈေးကွက်သို့ နောက်ကျခဲ့သော်လည်း VinFast သည် US စတော့ဈေးကွက်တွင် မှတ်သားဖွယ် ရပ်တည်နိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။VinFast ကို ဩဂုတ်လလယ်တွင် Nasdaq တွင် စာရင်းသွင်းခဲ့သည်။

အရောင်းအဝယ်စတင်သည့်နေ့တွင် ၎င်း၏ဈေးကွက်အရင်းအနှီးသည် ဈေးကွက်တွင် ကာလရှည်ကြာတည်မြဲခဲ့သော General Motors နှင့် Ford Motor တို့ကို ကျော်လွန်သွားခဲ့သည်။ VinFast ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှ စတင်ကာ EV လုပ်ငန်းတွင် ပါဝင်လာခဲ့သည်။

ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်အတွက် အသားတင် အရှုံးပေါ်ခဲ့ပြီး ၎င်း၏ EV လုပ်ငန်းသည် အမြတ်အစွန်း မရရှိသေးသော်လည်း အနာဂတ်တွင် တိုးချဲ့ရန် အချို့က မျှော်လင့်နေကြသည်။

ကုမ္ပဏီသည် မြောက်ကာရိုလိုင်းနားတွင် စက်ရုံတည်ဆောက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။သို့သော်၊ လူအများအပြားက ၎င်း၏ စတော့ဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်ရခြင်း၏ အကြောင်းရင်းအဖြစ် ဈေးကွက်အတွင်း ပျံ့နှံ့နေသော အစုရှယ်ယာ အရေအတွက်က နည်းနေသေးသည်ကို ထောက်ပြကြသည်။ VinFast ရှယ်ယာများ၏ ၉၉% ခန့်ကို မိခင်လုပ်ငန်းစု Vingroup အပါအဝင် ကုမ္ပဏီသုံးခုက ချုပ်ကိုင်ထားသည်။ ရင်းနှီးမြုပ်နှံသူများအတွက် အစုရှယ်ယာ အနည်းငယ်သာ ရရှိနိုင်သဖြင့် ရင်းနှီးမြှုပ်နှံသူများ ရှယ်ရာ အနည်းငယ်ကိုသာ ဝယ်ယူမှုများ သို့မဟုတ် ရောင်းချမှုများ ပြုလုပ်သောအခါတွင် စတော့ဈေးနှုန်းသည် အတက်အကျ ကြမ်းတမ်းသော အပြောင်းအရွှေ့ ဖြစ်တတ်ပါသည်။VinFast လျှပ်စစ်ကားများသည် မတ်လ ၁ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်ရှိ ပထမဆုံးဖောက်သည်များထံ အရောက်ပို့ရန် စောင့်မျှော်နေပါသည်။

(ဓာတ်ပုံ) Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 295 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 352 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 410 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်