အုတ်ဖိုမြို့မှာ တာဝန်ကျနေတဲ့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၀)နာရီ (၄၀)မိနစ်အချိန်က အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ တာဝန်ကျနေတဲ့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး တင်မျိုးအောင်ကို ဆိုင်ကယ်စီးနင်းနေစဉ် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး တင်မျိုးအောင်ထံက MA3 မောင်းပြန်သေနတ် (၁)လက်၊ မိုလ်ဘိုင်းဖုန်း (၁)လုံး၊ ပိုက်ဆံအိတ်(၁)ခုနဲ့ ၎င်းကိုင်ဆောင်တဲ့ မှတ်ပုံတင်နဲ့ ပြန်တမ်းဝင် စိစစ်ရေးကတ် (၁)ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ပစ်ခတ်ရှင်းလင်းခဲ့တာကို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Eraseye\news