၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်၊ ခေတ်မျက်လုံး။
စစ်ရေး၊ နိုင်ငံရေး အရပ်ရပ်ကို ပူးပေါင်းဆောင်ရွက်ဖို့ “ချင်းညီနောင်” အဖြစ်ဖွဲ့စည်းတဲ့အကြောင်း CNO/CNDF, ZFU/PDF – Zoland နဲ့ CNC – Mindat/CDF – Mindat တို့က မနေ့က ဒီဇင်ဘာလ (၃၀) ရက်နေ့က အချက် (၄) ချက်နဲ့ ပူးတွဲကြေညာလိုက်ပါတယ်။
ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ချင်းတမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ “ချင်းညီနောင်” ရဲ့ ဘုံသဘောတူညီချက်နဲ့ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
“ချင်းညီနောင်” တစ်ဖွဲ့ဖွဲ့ကို စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော်ထိပါးလာရင် ပူးပေါင်းရင်ဆိုင်ဖြေရှင်းမယ်လို့ ကြေညာထားပါတယ်။
ဘုံသဘောတူညီချက် ကိုက်ညီတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံးအရေး၊ ပြည်ထောင်စုအရေးကိစ္စရပ်တွေမှာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလထဲမှာ CDF-Mindat ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲတွေမှာ ရဲဘော် ၄ ဦးကျဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ
“ချင်းညီနောင်” ၏ ဒီဇင်ဘာ ၃၀ ထုတ်ပြန်ချက်။ (Photo: CDF-Mindat)