နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ကာလုံခေါ်ပြီး မြန်မာပြည်ဟာ သာမန်မဟုတ်တဲ့ အခြေနေမှာ ရှိနေတယ်လို့ပြောဆို

အာဏာသိမ်းစစ်ကောင်စီဟာ ဇန်နဝါရီ (၃၁) ရက်မှာ ကာလုံအစည်း အဝေးခေါ်ယူကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့အခြေအနေဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ယာယီသမ္မတ ဦးမြင့်ဆွေဆီကို တင်ပြတယ်လို့ သတင်းထုတ်ပြန်လာတာပါ။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကိုတင်ပြခဲ့ပြီး CRPH၊ NUG နဲ့ PDF တွေဟာ အကြမ်းဖက် လုပ်ရပ်တွေလုပ်နေတယ်လို့ စွပ်စွဲထားပြီး အဲဒီအဖွဲ့တွေကြောင့် တိုင်းပြည်ဟာ သာမန်အခြေအနေမရောက်သေးဘူးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်း ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ လွှတ်တော်အစည်းအဝေးတွေ မစတင်မီမှာ စစ်တပ်ဟာ အရပ်သားအစိုးရ အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးအာဏာသိမ်းခဲ့တာပါ။ ကာလုံအစည်းအဝေးက ဆုံးဖြတ်ချက်တွေကို မနက်ဖြန် အာဏာသိမ်း (၂) နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်မယ်လို့စစ်အုပ်စုက သတင်းထုတ် ပါတယ်။

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံကို အရေး ပေါ်ကာလ ၂ နှစ်အထိသာ ကြေညာလို့ရတာဖြစ်ပြီး ၂ နှစ်ပြည့်တဲ့နေ့မှာ ကာလုံလို့ ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီထံကို အာဏာပြန်အပ်ရ မှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံဟာ သာမာန်မဟုတ်တဲ့အခြေအနေမှာဆက်ရှိနေရင် အရေးပေါ် ကာလကို ထပ်တိုးနိုင်သယောင် စစ်ဗိုလ်ချုပ်ဟောင်းအချို့က အာဏာသိမ်း ကာလ ၂ နှစ်မပြည့်ခင် လပိုင်းအလိုတွေကတည်းက နှပ်ကြောင်းပေး တာတွေရှိခဲ့ပါတယ်။
မည်သို့ပင် ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းထားပါစေ စစ်ကောင်စီ ခေါင်းဆောင်ဟာ အာဏာကို လက်လွှတ်မှာမဟုတ်ဘဲ အသွင်တမျိုး ပြောင်းကာ ဆက်လက်ဆုပ် ကိုင်ထားမှာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။

NUG အပါအဝင် စစ်ကောင်စီ ကိုတော်လှန်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်အုပ်စုဟာ ရွေးကောက်ခံ အရပ်သား အစိုးရကို တရားမဝင်ဖြုတ်ချပြီး အာဏာသိမ်းကတည်းက ကိုင်တိုင်ရေးဆွဲ ထားတဲ့အခြေခံ ဥပဒေကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျုးလွန်တာလို့ သတ်မှတ်ထားကြပါတယ်။

ဒါအပြင် ၂၀၀၈ အခြေခံဥပဒေဟာလည်း ဖျက်သိမ်းပြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ကာလုံအစည်း အဝေးခေါပြီး စစ်တပ်က တင်မြှောက်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတခန့်ပြီး တိုင်းပြည်ကို အရေးပေါ်ကာလသတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

Photo – စစ်ကောင်စီ | Ref:PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို