တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေတဲ့ ကယားရှိ စစ်ဘေးရှောင်ဒေသခံ ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ရက်ရင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

သက်ကယ်ပစ်ရာမှာလည်း တစ်ချပ် ၁၂၀၀ ကျပ်မျှသာ ရရှိတယ်လို့ သိရပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်းကို (၁၀) မိုင်မက ဝေးတဲ့နေရာမှာ ခက်ခက်ခဲခဲ ရှာဖွေနေရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်များ နေထိုင်ရာဒေသတွင် အစားအသောက်နဲ့ အခြားအကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။