နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာ့စီးပွားရေး

မြန်မာ့စီးပွားရေး မြန်မာသတင်း

မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါး ကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှာ စီးပွားရေး ဟာဆိုးဆိုးဝါးဝါး နိမ့်ကျနေပြီး လာမယ့် စက်တင်ဘာမှာ ပြီး ဆုံးမယ့် ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှု ဟာ ၃ ရာခိုင်နှုန်းပဲရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က မတ် (၃၁) ရက် မှာ ထုတ်ပြန်ကြောညာချက်အရသိရပါတယ်။

အခုအချိန်မှာ စားသောက်ကုန်နဲ့ လောင်စာဆီတွေ ဈေးတက်နေတာနဲ့ ပြည်သူတွေရဲ့ဝယ်လိုအား ကျဆင်းမှုတွေကြောင့် မြန်မာ ကျပ်ငွေရဲ့ တန်ဖိုး ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ လျှပ်စစ်မီး‌ပြတ်တောက်မှုများပိုမိုဆိုးရွာလာခြင်း နိုင်ငံအနှံ့ ပဋိပက္ခ တိုက်ခိုက်မှုတွေဖြစ်ပွားနေပြီး အုပ်ချုပ်သူတွေရဲ့ မူ ဝါဒ အမှားတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အခြေအနေဟာ နိမ့်ကျနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှု၊ ကုန်စည်ပို့ဆောင်ရေး အဆင်မပြေမှု၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေ လဲလှယ်မှုတွေကို ကန့်သတ်ချက်တွေနဲ့ မသေချာမှုတွေ ဆက်ဖြစ်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အခြေအနေ တိုး တက်လာမယ့် အလားအလာ မတွေ့ရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ပေမယ့်၊ အဲဒီနောက် ၂၀၂၂ ခုနှစ်မှာတော့ ၃ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တာပါ။

စစ်ကောင်စီ အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံရေး စီးပွားရေး ပြန်တက်လာဖို့ သူတို့ လုပ်နိုင်သမျှ လုပ်နေတယ်လို့သာ အမြဲပြောနေတာဖြစ်ပြီး ပြည်ပက အတိုက်အခံတွေရဲ့ လုပ်ရပ်တွေကြောင့် အကျပ်အတည်းဖြစ်နေရတာလို့ အကြောင်းပြတဲ့ အကြောင်း ကို ရိုက်တာသတင်းမှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို