ဖေဖော်ဝါရီလ (၁)ရက်။
ရန်ကုန်မြို့မှာ နီတဲ့သွေး ရက်သတ္တပတ်အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီကနေ့ ဖေဖော်ဝါရီလ (၁)ရက်မှာ စတင်ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)က ဗကသများအဖွဲ့ချုပ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)နဲ့ Burma Youth Revolutionary Force(BYRF)တို့က ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“နီတဲ့သွေး ရက်သတ္တပတ်”လှုပ်ရှားမှုအနေနဲ့ “စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ တပ်ပေါင်းစုကို တည်ဆောက်ကြ”၊ “၁/၂/၂၁ မမေ့ကြနဲ့” အစရှိတဲ့ စာသားတွေအပါအ၀င် သွေးစွန်းနေတဲ့ လမ်းမတွေအဖြစ် သရုပ်ဖော်တဲ့ ဆေးနီတွေ ပတ်ဖြန်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။












