ဇွန်လ (၁)ရက်။
မေလ (၃၀)ရက်နေ့ ည(၉)နာရီ (၄၀)မိနစ်က မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ လ၀ကရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၄)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လ၀ကရုံးကို သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၄)၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ရဲဘော်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ကာ လ၀က၀န်ထမ်းနှစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့ လ၀ကရုံးက ၀န်ထမ်းတွေဟာ မှတ်ပုံတင်လာလုပ်ကြတဲ့ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲကာ အဆမတန် ငွေကြေးတွေ တောင်းခံနေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို ပြည်သူတွေအပေါ် အနိုင်ကျင့်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ထောက်တိုင်တွေဖြစ်တာကြောင့် အခုလိုတိုက်ခိုက်ရတာလို့ ရေးသားထားပါတယ်။
ဒါ့ပြင် ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သူတို့နဲ့ ဝေးဝေးနေကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။