ဇူလိုင်လ (၁)ရက်။
ဒီကနေ့ ရန်ကုန်ရှိ ကြည့်မြင်တိုင်မြို့မှာ သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Owl Community ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ထောက်ခံတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
“ ဓမ္မအန္တရာယ် စကစ ရဟန်းရှင်လူတွေ တိုက်ဖျက်ကြ” နဲ့ “ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်” စာတန်းကို သပိတ်လှုပ်ရှားမှုမှာပါ၀င်တဲ့ တော်လှန်လူငယ်တွေက ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြတာပါ။
အဲ့ဒီလှုပ်ရှားမှုကို Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community နဲ့ LinnYoungNi Youth Association (LYNYA)တို့က ပြည်သူလူထုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံတာမပြုလုပ်နဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စစ်ကိုင်းအပါအ၀င် မြို့နယ်ပေါင်း (၂၀)ကျော်ရှိ သံဃာတော်တွေက ပြုလုပ်နေကြတယ်လို့ သိရပါတယ်။